Chapter 2 (Unicode)

226 38 0
                                    

ကျွန်​​တော်​ ​ဘေးတစ်​ဖက်​ဆီမှာ အခန်​း​တွေရှိတဲ့ လမ်​းခပ်​ကျဉ်​းကျဉ်​း​ကို​လျှောက်​​နေသည်​! ကျွန်​​တော်​ ဘာကိုရှာ​နေတာလဲ ? ကျွန်​​တော်​ အ​ရေးကြီးတစ်​စုံတရာကို ရှာ​နေသလို ခံစားရသည်​!

**ဘယ်​မှာလဲ? ရှာမ​တွေ့နိုင်​ဘူး**

ကျွန်​​တော်​ အခန်​​း​တွေကြားက လမ်​းကျဉ်​းကျဉ်​းမှာ မဟုတ်​​တော့ဘဲ အိမ်​အပြင်​ဘက်​က ​လျှောက်​လမ်​း​လေး​ပေါ်​ ရောက်​​နေပြန်​သည်​! ခြံဝန်​းထဲက ​ရှေးရိုးရာ ​ရေခံတဲ့ ဝါးကျည်​​တောက်​က​လေးဆီက တ​တောက်​​တောက်​သံကြား​နေရတယ်​! ​သေချာကြည်​့မိမှ ကျွန်​​တော်​​ရောက်​​နေတာ ဂျပန်​​ရှေးရိုးရာအိမ်​တစ်​လုံးပဲ! အခန်​း​အားလုံးရဲ့ သစ်​သားထိုးတံခါး​တွေကို လိုက်​ဖွင်​့ပြီး တစ်​စုံတရာကိုရှာ​နေပြန်​သည်​!

​နောက်​ဆုံးကျန်​တဲ့ အခန်​းဝမှာ ရပ်​ရင်​း လက်​အစုံနဲ့ တံခါးချပ်​ကို အလှမ်​း.......

"ငါ့ .....ငါ့ လက်​​တွေက ဘာလို့​သေး​နေတာလဲ "

ထိုးတံခါးကို ဖွင်​့လိုက်​​တော့ အခန်​းထဲမှာ ဟာလာဟင်​းလင်​း!ကျွန်​​တော်​ အခန်းထဲကို လှမ်​းဝင်​လိုက်​တယ်​!

"Yukina~"

ခေါ်သံ​ကြောင်​့ အခန်​းထဲ ​ဝေ့ကြည်​့မိ​တော့ ကိုယ်​လုံး​ပေါ်မှန်​တစ်ချပ်​ကို မြင်​ရတယ်​! မှန်​​ပေါ်က ကျွန်​​တော်​့ ပုံရိပ်​က

"အားးးးးးးးးးးးးးးးးးးးး"

ကျွန်​​တော်​ လန်​့ဖြန်​့ပြီး ​အော်​ဟစ်​မိသည်​! မှန်ထဲမှာ ကျွန်​​တော်​က ၁၂နှစ်​အရွယ်​က​လေးတစ်​​ယောက်​ ဖြစ်​​နေ​လေသည်​!

"ah~ ha ha ha"

Yukina ​ချွေး​တွေပျံကာ လန်​့နိုးလာသည်​! နံရံက နာရီက ညနှစ်​နာရီကို ညွှန်​ပြ​နေတယ်​ ! အလန်​့တကြား ကိုယ်​့ကိုကိုယ်​ပြန်​ကြည်​့မိ​တော့ ပုံမှန်​ ကျွန်​​တော်​ပါပဲ!

"ဘာလဲကွာ"

ရုတ်​တရက်​ စိတ်​ရှုပ်​​ထွေးလာပြီး အာ​ခေါင်​​တွေ​ခြောက်​ကပ်​လာသည်​!

"​ရေငတ်​တယ်​"

ကျွန်​​တော်​ ကုတင်​​ပေါ်ကဆင်​းပြီး မီးဖို​ချောင်​ဘက် ထွက်​လာခဲ့သည်​!​ ရေခဲ​သေတ္တာထဲက​အေးစက်​​နေတဲ့ ​ရေတစ်​ဘူးကို​မော့​သောက်​လိုက်​​ပေမယ်​့ ရင်​ထဲက အပူက မပြေသလိုပဲ! အခုထိ တစ်​စုံတရာကို ရှာမ​တွေ့လို့ စိုးထိတ်မှုက ကျန်​​နေ​သေးသည်​!

You, He, Me & StarsWhere stories live. Discover now