*ချက် ချက် ချက်*
တိုင်ကပ်နာရီက စည်းချက်ညီညီ စက္ကန့်တွေကို တိုက်စားနေသည်! ဘယ်နာရီကုန်ဆုံးခဲ့ပြီလဲ ကျွန်တော်မသိဘူး နေ့လား ညလား ကျွန်တော်မသိဘူး! လက်ရှိကျွန်တော့်် လက်တွေက ကွန်ပျူတာ ခလုတ်များပေါ်ပြေးလွှားထိတွေ့နေပြီး မျက်စိအာရုံက screen တစ်လျှောက် အပေါ်အောက် ပြေးလွှားလျက်! လက်ရှိကျွန်တော်က Yukina မဟုတ်ဘဲ ကျွန်တော် ဖန်တီးထားတဲ့ ဇာတ်ကောင် Takeshi ဖြစ်သည်! Takeshi ရဲ့ အချစ် အမုန်း ဝမ်းနည်းပူဆွေးမှု ပျော်ရွှင်မှု ထိတ်လန့်မှု ကြည်နူးမှု အားလုံးကို ထပ်တူ ကျွန်တော်ခံစားရသည်!
"..kina! Yukina!!"
"..............."
"Yukina!!!"
"..........."
Tatsumi ခေါ်သော်လည်း Yukina က ပြန်မထူးပေ! Screen ကိုသာ စိုက်ကြည့်ပြီး စာတွေ တချောက်ချောက်နှင့် ရိုက်နေဆဲ!
*Sigh*
Tatsumi သက်ပြင်းချလိုက်မိသည်! သိတာပေါ့ Yukina တကယ်စျာန်ဝင်ရင်ဘယ်လိုဆိုတာ! သူအခု Yukina ဟုတ်ဟန်မတူ သူ့ဇာတ်လမ်းထဲက ဇာတ်ကောင် တစ်ယောက်ယောက် ဖြစ်နေပေလိမ့်မည်! Tatsumi Yukina ရဲ့ ပုခုံးကိုကျော်ပြီး screen ကို လှမ်းကြည့်လိုက်သည်!
**အင်း Takeshi ဆိုပါလား**
"Takeshi"
Tatsumi အနူးညံ့ဆုံး လေသံနဲ့ တိုးတိုးခေါ်လိုက်တယ်!
"ဘာလဲ Hina .......!"
အမေးစကားနဲ့ အတူ Tatsumi ဘက်လှည့်လာတဲ့ Yukina ရဲ့ မျက်နှာပေါ်မှ ချိုလွန်းလှတဲ့အပြုံးက Tatsumi မျက်နှာကို မြင်တဲ့ အခါ တစ်ဝက်တစ်ပျက်နဲ့ အဆုံးသတ်သွား၏!
Yukina က မျက်မှောင်ကျုတ်လိုက်ရင်း .....
"ဘာတုန်း မင်းက?"
"မင်းကို ငါခေါ်နေတာကြာပြီ ဖုန်းတွေလည်းမကိုင်ဘူး အဲဒါနဲ့လိုက်လာတာ"
"သြော် ဘာကိစ္စရှိလဲ မရှိရင်ပြန် ရှိရင်လည်း မြန်မြန်ပြော"
YOU ARE READING
You, He, Me & Stars
Fanfiction"Yukina ! ကြယ်တွေအပြည့်နဲ့ ကောင်းကင်က အရမ်းလှတာပဲနော်" "Yukina ! ကြယ်တွေကြွေရင် ဆုတောင်း ! ပြည့်တယ်တဲ့" အိမ်မက်ထဲက ကြယ်တွေအကြောင်း ပြောပြသူဟာ ဘယ်သူများလည်း ...... This is my own creation story ! Please enjoy mina ... >33<