ကော်ဖီဆိုင်လေး အတွင်းမှာ စကားသံတို့နဲ့ စည်ကားသိုက်မြိုက်နေသည်! Yukina ဆေးရုံကဆင်းတာနဲ့ အားလုံးဆုံမိကြခြင်းဖြစ်သည်! Kyouko က ငယ်ငယ်က အမှတ်တရတွေကို ပြန်ပြောင်းပြောပြနေတယ်! Arikawa က မျက်လုံးပြူးနဲ့ နားထောင်နေပြီး ရယ်မောစရာ အကြောင်းအရာများရောက်လာရင် အားပါးတရရယ်မောလို့နေသည်! Arikawa က Yukina သူ့အိမ်ကို လာခဲ့စဉ်ကသာ တွေ့ခဲ့မယ်ဆိုရင် အဲဒီ့နွေရာသီဟာ အမှတ်ရစရာတွေချည်းဖြစ်လာမယ်ဟု ဝင်ပြောနေတယ်! Yukina ကတော့ သူ့ဝသီအတိုင်း အအေးခွက်ကိုသာ ဟန်ပါပါသောက်နေလေသည်! Tatsumi က တော့ ပြောသမျှစကားတွေအားလုံးကို အသေအချာနားထောင်ပေးနေတယ် ! တချက်တချက် Tatsumi က မျက်မှန်နောက်ကနေ Yukina ဆီ အကြည့်တချို့ရောက်ရောက်လာသေးသည်!
"ဟေ့ ဟေ့ ဒီနေ့ ပွဲတော်ရှိတယ်လေ ငါတို့သွားကြမလား? ငယ်ငယ်က တို့တွေအတူသွားကြတာ အမှတ်ရသေးတယ်"
Kyouko က အားရဝမ်းသာပြောလိုက်သည်!
" သွားချင်တယ် သွားချင်တယ်"
Arikawaက အားပါးတရထောက်ခံတယ်!
Tatsumi က ကျွန်တော့်ကို တစ်ချက်လှမ်းကြည့်သည်!
"မင်းတို့ပဲသွားလိုက်ကြပါ ငါ...."
"ဘာဖြစ်လို့လဲ Yukina"
Tatsumi က စိုးရိမ်တကြီး ထမေးတယ်!
"သြော် ငါ .....Arikawa အိမ်ကို လိုက်မလို့"
"ဟင်?"
Arikawa က Yukina ကို တအံတသြ လှည့်ကြည့်သည်!
Tatsumi မျက်လုံးတွေက စူးရှလို့နေတယ်!"ဒါဆိုလည်း ငါတို့ပဲ သွားကြတာပေါ့ နော် Tatsumi !"
Kyouko က ဘေးကနေ Tatsumi ကို ပူဆာနေတယ်!
"Arikawa လာသွားရအောင် မင်းအိမ်ကို ငါလိုက်မယ်"
"Yu...Yukina san?"
Arikawa က အခုထိ မျက်လုံးဝိုင်းဝိုင်းနဲ့ ကြည့်နေဆဲ!
Yukina စားပွဲကနေထရပ်လိုက်သည်! အဲဒီ့နောက် Arikawa လက်ကို လှမ်းဆွဲလိုက်တယ်!
ESTÁS LEYENDO
You, He, Me & Stars
Fanfic"Yukina ! ကြယ်တွေအပြည့်နဲ့ ကောင်းကင်က အရမ်းလှတာပဲနော်" "Yukina ! ကြယ်တွေကြွေရင် ဆုတောင်း ! ပြည့်တယ်တဲ့" အိမ်မက်ထဲက ကြယ်တွေအကြောင်း ပြောပြသူဟာ ဘယ်သူများလည်း ...... This is my own creation story ! Please enjoy mina ... >33<