မွေးရပ်မြေ~
လူတိုင်း မွေးရပ်မြေဆိုတာကို ပြန်ရောက်တဲ့ အခါတိုင်း အမှတ်တရတွေများစွာနဲ့ နွေးထွေးမှုကို ခံစားရစမြဲပဲ!
ကျွန်တော့်အတွက်ကတော့ သာမန်ရောက်ဖူးတဲ့ မြို့တစ်မြို့သာသာပင်!
ကျွန်တော် မရည်ရွယ်ဘဲ မေ့သွားခဲ့တဲ့ အတိတ်တစ်ခုမှာ မြို့လေးအကြောင်းရော မြို့လေးမှာနေထိုင်တဲ့ ခင်မင်ရင်းနှီးသူတွေအားလုံးရဲ့ အမှတ်တရ မှတ်ဉာဏ်တွေရော အားလုံးပါသွားခဲ့သည်! ကျွန်တော်သိတဲ့ ခင်တဲ့ ချစ်တဲ့ သူတွေလို့ပြောတဲ့ သူတို့တွေရဲ့ အလယ်မှာ ကျွန်တော် သူစိမ်းတစ်ယောက်လို အထီးကျန်နေခဲ့တယ်! ဒီခံစားချက်ကြောင့် ကျွန်တော် ဒီပတ်ဝန်းကျင်မှာ ဆက်မနေချင်ခဲ့ခြင်းပင်! အခုတော့ ကျွန်တော် တစ်စုံတရာ အထူးသဖြင့် တစ်စုံတစ်ယောက်ကို ရှာဖို့ ကျွန်တော် ပြန်လာခဲ့သည်!
"ဟယ် သား Yukina "
"မေမေ"
Yukina မေမေက ရုတ်တရက် Yukina ကိုတွေ့လိုက်ရ၍ ဝမ်းသာအားရပြေးဖက်သည်!
၁၂ နှစ် အရွယ်အထိ မေမေနဲ့ ပတ်သတ်တဲ့ မှတ်ဉာဏ်တွေ မရှိတော့ပေမယ့် မေမေရင်ခွင်ကတော့ နွေးထွေးဆဲပါ!
"ကြိုလည်း မပြောဘူးသားရယ်"
"အင်း ကောက်ခါငင်ကာ စိတ်ကူးပေါက်တာနဲ့ "
"ကဲ ရေမိုးချိုးပြီးနား မေမေ သားကြိုက်တဲ့ ဟင်းချက်ထားမယ်"
အမြဲပြုံးနေတဲ့ မေမေအပြုံးက ကျွန်တော့်ကို ငြိမ်းချမ်းစေသည်!
"စားကောင်းရဲ့လား သား"
"ဟုတ်! ကောင်းပါတယ် မေမေ"
"သားပိန်သွားတယ်"
"ဟုတ်လား အဟဲ! အခု ဒီမှာနေတုန်း မေမေချက်ကျွေးတာတွေစားပြီးရင် ကျွန်တော် ပြန်ဝလာတော့မယ်"
"အလုပ်က တော်တော်ပင်ပန်းနေလား သားရယ်"
"ဟင့်အင်း ကျွန်တော် ဝါသနာပါတာလုပ်နေရတာ မပင်ပန်းပါဘူး မေမေ! အော် ကျွန်တော် မြို့ထဲခဏလျှောက်ကြည့်အုံးမယ် မရောက်တာကြာပြီဆိုတော့"
YOU ARE READING
You, He, Me & Stars
Fanfiction"Yukina ! ကြယ်တွေအပြည့်နဲ့ ကောင်းကင်က အရမ်းလှတာပဲနော်" "Yukina ! ကြယ်တွေကြွေရင် ဆုတောင်း ! ပြည့်တယ်တဲ့" အိမ်မက်ထဲက ကြယ်တွေအကြောင်း ပြောပြသူဟာ ဘယ်သူများလည်း ...... This is my own creation story ! Please enjoy mina ... >33<