Part 4

6.6K 481 19
                                    

^HATEFUL LOVE^
.
.
.

"Kyung Soo Hyung "

ခေါ်သံယဲ့ယဲ့လေးကြောင့် လှည့်ကြည့်မိတော့ Beakhyun ရယ်ပါ.......

နှာခေါင်းထိပ်လုံးလုံးလေးမှာ နီရဲပီး ပွန်းနေပုံက ငိုထားပုံရသည်...
Park Chanyeol ကလေးကို ဘာနှိပ်စက်ပြန်ပလဲကွာ...
ဝတ်ထားတဲ့
ဆွယ်တာ အင်္ကျီ အနီရောင်လေးက သူ့အသားအရည်နှင့် လိုက်ဖက်စွာ..........
အင်္ကျီကလဲ သူနှင့်အနည်းငယ်မျှ ကြီးနေသောကြောင့် အဝတ်ပွပွကြားတွင် ကိုယ်လုံးလေးက ပျောက်နေသလို.... လက်ကလဲအတော်ပင်ရှည်နေသောကြောင့် သူ၏လက်ချောင်းထိပ်ကလေးကိုသာ မြင်နေရတယ်.....

"လာလေ Baekhyun"

မြက်စိမ်းနုနုပေါ် လှဲကာအိပ်နေတဲ့ကျွန်တော့နားလာပြီး ဒူးနှစ်ဖက်ကွေးကာ လက်ပိုက်ထိုင်နေတဲ့ ကောင်လေးကို ကြည့်ကာ ကျွန်တော်ပြုံးမိတယ်.....
လက်ပိုက်ထိုင်တော့ ပေါ်လာတဲ့ လက်ဖဝါးနုနုမှာ ပေါ်လာတဲ့ ပတ်တီးဖြူဖြူ......

"ညီ မင်းလက်ဘာဖြစ်လာတာလဲ... ဟိုကောင်ပဲလား... "

"မဟုတ်ဘူး Kyung Soo Hyung....ဟိုနေ့က ဟင်းအိုးကို ပူမှန်းမသိပဲ ကိုင်လိုက်တော့ အပူလောင်ပြီး လက်ကို ခါလိုက်တာ ဘေးခုံနဲ့စောင့်မိတာ... ဟီးဟီး.."

ကျွန်တော်ညာပါရစေ....

ဒီဒဏ်ရာက ကိုကိုပေးတယ်ဆိုတာ Kyung Soo Hyung သိရင် ကိုကို့ကို အပြစ်ပြောလိမ့်မယ်...အဲဒီအခါက သူ့ကို မုန်းမိလိမ့်မယ်..

ကျွန်တော့်ကြောင့် ကိုကို အပြောခံရမှာဆိုးတယ်...

ကိုကို့ကို လူတိုင်း ချီးမွန်းစကားပြောသံပဲ ကျွန်တော်ကြားချင်တာ.....အပြစ်တင်ဝေဖန်သံကြားမိရင် အဲဒီစကားပြောတဲ့ သူကို ကျွန်တော် သတ်မိချင်လောက်အောင်မုန်းတာ.....မဟုတ်ဘူး သတ်ပစ်မှာ...

ဒါ ကျွန်တော့် အချစ်ပါ ကိုကို.....ဒါပေမဲ့ ကိုကိုက.....

"အားကျလိုက်တာ "

စကားအဆက်အစပ်မရှိပြောလာတဲ့Baekhyun ကို ကြည့်ပြီး

" ဘာကိုလဲ ညီ"

" Kyung Soo Hyung နဲ့ ကိုလေးတို့ကို ကြည့်ပြီး အားကျတယ်...... အကိုတို့ကိုကြည့်ရင် အမြဲပျော်ရွှင်နေတာ... "

Hateful Love {Complete}Where stories live. Discover now