"HATEFUL LOVE""ဖယ်...ကျွန်တော် မရူးဘူး..
ကျွန်တော် အရူး မဟုတ်ဘူးလို့ ပြောနေတယ်လေ""လွှတ် ငါ့လက်ကို မကိုင်နဲ့.... မင်းတို့ ငါ့လက်ကို
ကိုင်စရာ အကြောင်းမရှိဘူး""Park Chanyeol ဘယ်မှာလဲ....
သူ့ကို ခုချက်ချင်းခေါ်ပေး""သူ့ကိုခေါ်ပေးကြပါ....ကျွန်တော်ဒီမှာတော့မနေပါရစေနဲ့...ထောင်ထဲပဲ ထည့်လိုက်ကြပါ..
Arnyi..အသေသတ်ပေးကြပါ"ဆေးရုံအခန်းထဲမှာ အော်ဟစ်သောင်းကျန်းနေတဲ့ Baby ကို အခန်းပြင်က ကြည့်ပြီး ငိုနေမိတယ်...
ဆရာဝန်တွေ ဝိုင်းချုပ်သော်လဲ အတင်းတွန်းထုတ်နေတာကြောင့် သူနာပြုတစ်ယောက် ဆေးထိုးအပ်ကိုကိုင်ကာ လက်မောင်းအတွင်းသားကို ထိုးမလို့လုပ်နေတာကိုတွေ့မှ...
အခန်းထဲပြေးဝင်ကာ......"dr.... ကျွန်တော်သူနဲ့ စကားပြောပါရစေ"
"ကောင်းပါပီ.... အကြာကြီးတော့မရဘူးနော်"
"အင်း"
အနီးနားမှာရှိတဲ့ ခုံကိုဆွဲယူပြီး ကုတင်ပေါ်မှာ ထိုင်နေတဲ့ Baby့ လက်ကို ဆွဲကိုင်လိုက်တော့ မသိမသာလေးရုန်းထွက်သွားတယ်...
မျက်နှာကိုလဲ တဖက်စောင်းထားကာ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားပြန်တယ်..အဲဒီလက်သီးတွေနဲ့ ထိုးလိုက်စမ်းပါ Baby ရယ်...
"Baby ကိုယ်တောင်းပန်ပါတယ်..... မင်းကိုကယ်တင်ဖို့ ကိုယ်ကြံတာ ဒီတနည်းပဲ ရှိလို့ပါ....
Baby မကျေနပ်ရင် ကိုယ့်ကို ကြ်ုက်တာလုပ်ပါ...
ကဲ ထိုးမလား ထိုး"သူ့လက်သီးဆုပ်လေးတွေကို ကျွန်တော့ပါးပေါ်တင်ပြီး ခပ်ဆတ်ဆတ်ထိုးခိုင်းလိုက်တော့....
အရောင်မဲ့ပြီး အရည်လဲ့နေတဲ့ မျက်ဝန်းလေးတွေနဲ့..
ဟက် ဆိုတဲ့ရီသံလေးကြားလိုက်ရတယ်....."ကိုကို့ အသားနာအောင်မလုပ်ရက်ဘူးဆိုတာ ကိုကိုသိရက်နဲ့ ဒီစကားပြောတာလား....
ကိုကို့အသားနာရင် ကျွန်တော့အသားနာသလို ရင်ဘတ်တစ်ခုလုံးပါ နာတယ်ဆိုတာ ကိုကိုမသိတာလား"
သူ့စကားကြောင့် မျက်ရည်ကျရမိတာ ကျွန်တော်...
သူအဲဒီလောက်ထိ ချစ်ခဲ့မယ်မထင်ခဲ့မိ....
အသက်ငယ်တုန်း စိတ်ကစားတယ်ပဲ ထင်ခဲ့မိတာ..
![](https://img.wattpad.com/cover/114199506-288-k770578.jpg)
VOUS LISEZ
Hateful Love {Complete}
Aléatoireအမုန်းနဲ့စတင်ခဲ့တဲ့ ကိုယ်တို့နှစ်ယောက်ကြားမှာ အချစ်ဆိုတဲ့အရာလေးက မမျှော်လင့်ပဲ ရှင်သန်ပေါက်ဖွားလာခဲ့တယ် #Chanbaek #yaoi