"HATEFUL LOVE"
တခါတလေ စဉ်းစားမိတယ်...
ကျွန်တော် ဘာအပြစ်များလုပ်ခဲ့လို့ အခုလို ဆင်းရဲဒုက္ခကြီးစွာ ခံစားနေရတာလဲ.......ကျွန်တော့်မှာ ပျော်ရွှင်ပိုင်ခွင့်မရှိဘူးလား..
ကျွန်တော်လဲ လူပါပဲ...သစ်သားနဲ့ထွင်းထားတဲ့ အရုပ်မှ မဟုတ်တာ...ဒါပေမဲ့ ကျွန်တော်က ကိုကို့အတွက် အရုပ်ကလေး တစ်ရုပ်သာ.........
~~~~~~~~~
ဒီနေ့က ကိုကို့လက်ထပ်ပွဲနေ့....
ချစ်ရသူက တခြားတစ်ယောက်နဲ့ လက်ထပ်မှာကို လက်မခံချင်လဲ ရင်နင့်စွာ လက်ခံရသည်...တားဆီးမရတဲ့ အခြေအနေကို ကျွန်တော်မုန်းတယ်...
ဖျက်ဆီးပစ်ချင်တယ်...ဒါပေမဲ့ သူမနဲ့ပျော်နေမယ့် ကိုကို့ကို စိတ်မဆင်းရဲစေချင်ဘူး.....ကိုကိုသာ သူမနဲ့ လက်ထပ်လိုက်လို့ ပျော်နေမယ်ဆို ကျွန်တော့ရင်ကို ဓားနဲ့ခွဲသလို ခံစားရလဲ ကျွန်တော်ပျော်မှာပါ........
ချစ်တော့ချစ်တယ် ဒါပေမဲ့ စိတ်နာတယ် ကိုကို
~~~~~~~~~~
"Byun လေး ဘာတွေတွေးနေလဲ "တာဝန်ကျ ဆရာမရဲ့ အသံကြောင့် တွေးငေးနေရင်းမှ လှည့်ကြည့်တော့ အချိုသာဆုံးပြုံးပြနေသည့် ဆရာမလေးတစ်ယောက်...
"ဆရာမ အဲတာ အိပ်ဆေးလား "
လက်ထဲက ဆေးထိုးအပ်ကိုကိုင်ပြိး drip မှာ ထိုးရန် ရွယ်နေတဲ့ သူမကို မေးတော့ ခေါင်းညိမ့်ပြကာ
"Byun လေး အခုတလော ကောင်းကောင်းမအိပ်ဘူးမလား... အဲတာကြောင့် Byun လေးကိုသိပ်မလို့ " လို့ပြောသည်....ဆရာမ တောင်းပန်ပါတယ်....
ဆေးထိုးအပ်နှင့် လက်လှမ်းလာတဲ့ သူမကို ဖမ်းချုပ်ကာ အပ်ကိုဆွဲလုပ်ီး သူမ၏ လက်မောင်းကို ထိုးသွင်းလိုက်သည်....တဖြည်းဖြည်း ငြိမ်ကျသွားတဲ့ သူမကို လှဲချကာ ဂျူတီကူတ်ကို ချွတ်ပြီး တနေရာသို့............
~~~~~~~~HATEFUL LOVE~~~~~~
"ဝုန်း"
ရုတ်တရက် တံခါးဖွင့်သံနဲ့အတူ အခန်းထဲကို အပြေးဝင်လာတဲ့ Mr.kim........
KAMU SEDANG MEMBACA
Hateful Love {Complete}
Acakအမုန်းနဲ့စတင်ခဲ့တဲ့ ကိုယ်တို့နှစ်ယောက်ကြားမှာ အချစ်ဆိုတဲ့အရာလေးက မမျှော်လင့်ပဲ ရှင်သန်ပေါက်ဖွားလာခဲ့တယ် #Chanbaek #yaoi