Part 7

5.8K 441 40
                                    


"HATEFUL LOVE"

တဒိတ်ဒိတ်ခုန်လွန်းနေသည့် ရင်ဘတ်အစုံနဲ့အတူ နှုတ်ခမ်းပါးကလဲ တဆတ်ဆတ် တုန်ရီနေသည်....

အကြောက်လွန်နေသည့် ထိုကလေးငယ်ဟာ...
အသိစိတ်လွတ်နေသလို...ဘယ်အရာကိုမှ သေချာမမှတ်မိ...

Kyung Soo လက်ထဲက နွားနို့ခွက်ကို ထိုကလေးလက်ထဲ သေချာထည့်ပေးကာ...

"Baekhyun...  အကို့ကို သေချာကြည့်"

Baekhyun ပုခုံးစွန်းတွေကို လက်နှစ်ဖက်နှင့်ထိန်းကာ မျက်နှာချင်းဆိုင်လိုက်တယ်...

Baekhyun ရဲ့ မျက်လုံးတွေက တောင်စဉ်ရေမရ..ကြောက်ရွံ့မှုကို အတိ အကျ ဖော်ပြနေလျက်.....

"ဟင့်....  ကျွန်တော်ကြောက်တယ်...  အကို..
ကျွန်တော်ရှိနေတာ ကိုကို့အတွက်အမှားများလားဟင်  ...
ကျွန်တော်ထွက်သွားသင့်လားဟင်.....

ကိုကို့နါကြည်းမှု တွေပျောက်အောင် အနားနေနေပေမဲ့လဲ .. ကျွန်တော်ရှိနေတာက ကိုကို့ကိုအနှောက်အယှက်ဖြစ်စေလားဟင်...."

Baekhyun လေးကိုလဲ သနားမိတယ်....
Chanyeol ဘက်ကိုကြည့်မိရင်လဲ စာနာတယ်..
မိဘတစ်ယောက်လုံးဆုံးရှုံးခဲ့ရတာ....
လုပ်ကြံတဲ့လူတွေကလဲ တခြားလူမဟုတ်..
အရမ်းရင်းနှီးပြီးနှစ်အိမ့်တအိမ်လိုနေခဲ့ရတဲ့ Baekhyun အဖေကိုယ်တိုင်ပင်.....
၁၆နှစ်သားအရွယ်မှာ မိဘနှစ်ပါးလုံးဆုံးရှုံးရတာကို မျက်ဝါးထင်ထင်မြင်ခဲ့ရပီး လုပ်ကြံသူကိုပါ သိခဲ့ရတော့ ရင်ထဲက နာကြည်းမှုက တစ်ဆတစဆနဲ့တိုးပွားလာခဲ့တာ....
ဒါပေမဲ့....baekhyun မိဘတွေက chanyeol မိဘတွေကို လုပ်ကြံပီး သိပ်မကြာခင် ယာဉ်တိုက်မှုနဲ့သေဆုံးသွားခဲ့တယ်...
၁၂နှစ်သားအရွယ်ကောင်လေးကိုမွေးစားပီး သူ့အမုန်းတွေကို ကောင်လေးဆီ အပ်နှံခဲ့သည်..
ထိုကလေးကလဲ chanyeol ကိုဆို ဘာမဆိုသည်းခံပီး ချစ်ခဲ့တဲ့ကောင်လေး...
အဲဒ်ီလိုပဲ chanyeol ကလဲ သိပ်ချစ်ခဲ့တာ...
သူတို့ကြားကလဲ့စားချေမှူကြီးက .....

ငိုရင်း ရှိုက်နေတဲ့ကောင်လေးကို အခန်းထဲခေါ်ကာ ကုတင်ပေါ်အိပ်စေပြီး စောငိခြုံပေးကာ အခန်းထဲထွက်ရင် ပြင်တော့ လက်ကို ပြန်ဆွဲထားလေရဲ့...

"အကို....ကျွန်တော်အိပ်ပျော်သွားတဲ့ထိ နေပေးလို့မရဘူးလားဟင်...
အိမ်မက်ဆိုးမက်မှာကြောက်လို့ပါ...
တစ်ယောက်ယောက် အနားမှာရှိနေမှ စိတ်သက်သက်သာသာ အိပ်ပျော်မယ်ထင်လို့"

Hateful Love {Complete}Dove le storie prendono vita. Scoprilo ora