"HATEFUL LOVE""အဟွတ်...ဟွတ် "
မနေ့ကညဘက် အပြင်ထွက်မိလို့ အအေးပတ်ပီး ချောင်းတွေက အဆမတန်ဆိုးနေတာ.....
ကိုယ့်ကိုယ်ကိုလဲ အရမ်းစိတ်ညစ်မိတယ်...အရမ်းချူချာလွန်းလို့ ..."သားငယ်လေးရယ် နေမကောင်းရင်လဲ ဆေးခန်းသွားလိုက်ပါလား....အဒေါ်ကြည့်ရတာ အားမရတာကွယ်.. "
"ရပါတယ် Arjima "
ပါးစပ်ကသာ ရပါတယ်ပြောနေမိတာ...လူက လုံးဝလှုပ်၍မရတော့......
မနက်တိုင်းကိုကိုစားဖို့ မနက်စာကို လုပ်ပေးနေကြမို့ မပျက်ကွက်ချင်...ကိုကို ကိုယ်တိုင်ကလဲ ကျွန်တော်ပြင်ပေးတာကိုပဲ နှစ်သက်တာမလား...
သို့ပေမဲ့လဲ ထိုမနက်စာတွေကို ကျွန်တော်ပြင်ပေးတယ်ဆိုတာကို မသိပေ.....
သိသွားခဲ့ရင်လဲ....သွန်ပစ်ခဲ့တာ.... တခါတလေပေါ့....ဒါကြောင့် ကျွန်တော့လက်ရာကို နှစ်သက်တဲ့ကိုကို့ကို ဘယ်လောက်ပဲ နေမကောင်းဖြစ်နေပါစေ အမြဲ မနက်စာ ညစာ ပြင်ဆင်ပေးခဲ့တာ...
"Baekhyun ငါအပြင်သွားမယ်...
ဖိနပ်လာထုတ်ပေး ""ဟုတ် ကိုကို "
~~~~~~~~HATEFUL LOVE~~~~~~
"Baekhyun နေမကောင်းရင်
အချိန်ပိုင်းအလုပ်မသွားပါနဲ့လား... ""ရတယ် Mike "
အချိန်ပိုင်းအလုပ်ကတော့ မသွားလို့မဖြစ်...
ကိုကို့အိမ်မှာနေပေမဲ့လဲ...ကိုကိုဆီက မတောင်းချင်....."ဟိုဘက်ထောင့်က ကောင်လေး
Byun Baekhyun ...
မင်းကိုကျောင်းအုပ်ကြ်ီးခေါ်နေတယ်... ""ဟုတ်"
ကျောင်းအုပ်ဆရာကြီးက ခေါ်ရအောင်လဲ ကျွန်တော် ဘာအပြစ်မှမလုပ်ထားခဲ့...
တခု..ကိုကိုများလား.. သူက ဒီကျောင်းကိုရှယ်ယာဝင်ရန် စီစဉ်ထားတဲ့သူ..ကိုကိုခေါ်ခိုင်းတာများလား...
အတွေးနဲ့တင်ပျော်နေရသည်မို့ နေမကောင်းချင်တာတောင် ပျောက်သွားသလို....
BINABASA MO ANG
Hateful Love {Complete}
Randomအမုန်းနဲ့စတင်ခဲ့တဲ့ ကိုယ်တို့နှစ်ယောက်ကြားမှာ အချစ်ဆိုတဲ့အရာလေးက မမျှော်လင့်ပဲ ရှင်သန်ပေါက်ဖွားလာခဲ့တယ် #Chanbaek #yaoi