^HATEFUL LOVE^Chanyeol သူ့ရှေ့ ဖြူလွှလွှ ကုတင်လေးထက်မှာ လှဲလျောင်းနေတဲ့ baekhyun ကိုကြည့်ပီး စိတ်မကောင်း........
မျက်နှာတွင်လဲ သွေးရောင်လွှမ်းမနေပဲ ဖြူလျှော့နေသည်...... မျက်ဝန်းတွေမှာလဲ ညိုနေပုံက မည်မျှပင် အိပ်ရေးပျက်ခဲ့သည်ကို ပြသယောင်ယောင်....
နဂို ပန်းဆီရောင်သန်းနေတတ်သည် နှုတ်ခမ်းပါးတို့က ဖြူဆုတ်ကာ အက်ကွဲနေသည်...Baekhyun မင်းကိုကြည့်ရတာ ငါတကယ်စိတ်ပင်ပန်းတယ်.....
ငါ့ဘေးနားက ထွက်သွားပေးပါလားကွာ......မင်းရဲ့ ဖြူစင်မှုတွေက်ု မြင်နေရရင် ...မင်းကိုခွင့်လွှတ်ပေးမိလိမ့်မယ်....
မင်းက ငါ့ရဲ့ ခွင့်လွှတ်ပေးမှုနဲ့ မထိုက်တန်သေးဘူး
......."Chanyeol "
ပုခုံးထက် ကျရောက်လာတဲ့
လက်တစုံကြောင့် တွေးလက်စအတွေးတို့ကို ရပ်ကာ..... လှည့်ကြည့်မိလိုက်တယ်...."Baekhyun မှာ
နှလုံးအားနည်းတဲ့ရောဂါရှိတာ
မင်းသိတယ်မလား......
ခု အဲဒီရောဂါက ပိုဆိုးလာတယ်....
ကလေးကို စိတ်ပင်ပန်းအောင်မလုပ်ပါနဲ့လားကွာ........
ကလေးရဲ့ရောဂါက
အခန့်မသင့်ရင် အသက်ဆုံးရှုံးနိုင်တယ်ဆိုတာ မင်းသိကောင်းသိမယ်လို့ ငါထင်ပါတယ်.. Chan. .."မနေ့က ဘာတွေဖြစ်ခဲ့လဲဆိုတာ
ငါခန့်မှန်းလို့ရပေမဲ့......
ငါမပြောဘူး Chan....
ကလေးမှာ ဘာအပြစ်ရှိလို့
မင်းဒီလိုနှိပ်စက်နေရတာလဲ........
မင်း တနေ့ နောင်တရလိမ့်မယ်...................
မင်းနှလုံးသားထဲမှာရှိနေတဲ့ တစုံတရာ
လျစ်လျူမရှုပါနဲ့...."ကျွန်တော့ နှလုံးသားထဲက တစ်စုံတရာ
Kyung Soo မင်းဘာတွေပြောနေတာလဲ.....-----------Hateful Love -----------
"ဟေ့ကောင် မင်း ၃ရက်တောင် ကျောင်းမတက်ဘူး....... "
"အင်း......ဒီလိုပါပဲ.."
ကျွန်တော် စိတ်မပါသလို ဖြေမိလိုက်တယ်....
ဒါကို သတိထားမိတဲ့ Mike က
"မင်း နေမကောင်းဘူးလား ဖြူဖတ်ဖြူရော်နဲ့ မျက်နှာက .....
လေတိုက်ရင်လဲ လွင့်တော့မယ်....
လာ..... ကျောင်းဆေးခန်းသွားရအောင်.."
![](https://img.wattpad.com/cover/114199506-288-k770578.jpg)
YOU ARE READING
Hateful Love {Complete}
Randomအမုန်းနဲ့စတင်ခဲ့တဲ့ ကိုယ်တို့နှစ်ယောက်ကြားမှာ အချစ်ဆိုတဲ့အရာလေးက မမျှော်လင့်ပဲ ရှင်သန်ပေါက်ဖွားလာခဲ့တယ် #Chanbaek #yaoi