Zawgyi
တောင်ပံမဲ့လိပ်ပြာ
အပိုင်း(၃)
.............................................................
ဝါကျင့်ကျင့်မီးရောင် ဖြာဆင်းနေတဲ့ စင်မြင့်ထက်
ဝင်းမွတ်သောအသားအရည်
မိမွေးတိုင်းအနေအထားမဟုတ်သော်ငြား
ပါးလွှာသော အဖြူရောင်ကီမိုနိုစက
ထို ခန္ဓာကိုယ်အား လုံလောက်အောင်ကာကွယ်မှုပေးနေခြင်းမရှိပေဝါးလုံးစိမ်းတစ်လုံးနဲ့ ကပ်လျက်တုပ်နှောင်ခြင်းခံထားရတဲ့ ခန္ဓာကိုယ်
လည်တိုင်မှာနစ်မြုပ်နေသော လည်ပတ်အညိုရောင်မှာ
တွဲချိတ်ထားတဲ့သံကြိုးကိုဆွဲလိုက်တဲ့ ချွေးစတွေကြားမှ လိပ်ပြာဟာ ခေါင်းလေးမော့လာတယ်
ညည်းညူသံ မပွင့်တပွင့်ဟာ နှုတ်ခမ်းမှာပိတ်ဆုံးထားတဲ့ ဘောလုံးအနီကို အံတုပြီးထွက်ကျလာတယ်
ပွဲကြည့်ပရိတ်သတ်အပေါင်းရဲ့ ရင်ကို ကိုင်လှုပ်လေ့ရှိသော
လိပ်ပြာရဲ့ စွဲမက်ဖွယ်ညည်းညူသံစင်မြင်ရဲ့ အပေါ်ထပ်မှာ VIP နေရာ
ကွဲပြားတဲ့နေရာ ၂ခုမှာ ကွဲပြားသော လူနှစ်ယောက် တူညီစွာဘဲ လိပ်ပြာကို ရှုစားလို့
ပိတ်သားပေါ်မှာ နေရာယူသွားသော ဆေးချက် စုတ်ချက်တွေ
သွယ်လျသော လက်တို့က ပုံဖော်နေတာ လိပ်ပြာရဲ့အလှတရားသိပ်လှတယ်လိပ်ပြာ...
"သခင်လေး ဘာလို့လိပ်ပြာကို ထိပ်တိုက်မတွေ့သေးတာလဲ"သခင်လေးဆိုသော ထိုသူက လက်ထဲက စုတ်တံကို ညှင်သာစွာချတယ်
မျက်စိရှေ့က ပန်းချီကားထဲက လိပ်ပြာအလှဟာ မျက်လုံးခွာချင်စရာမရှိ"ခပ်မြန်မြန်တွေ့ဆုံလိုက်ရင် သူ့အပေါ် စိတ်ဝင်စားမှုတွေ ပျောက်သွားလိမ့်မယ်
လိပ်ပြာကို အကောင်းဆုံးစိတ်ခံစားချက်နဲ့ညှင်းဖို့က
လိပ်ပြာက လူတယောက်ကိုချစ်နေမှ ဖြစ်မယ်""ကျွန်တော်နားမလည်ဘူးသခင်လေး"
"အဟင်းစောပါသေးတယ်
ငါလိုချင်တဲ့လိပ်ပြာက ခုလို ချေမိုးနေတဲ့လိပ်ပြာမဟုတ်ဘူး
ဘာမှမကျန်တော့တဲ့ လက်ဗလာနဲ့ ငါ့ခြေရင်းမှာ အတောင်ကျိုးနေမယ့် လိပ်ပြာ ကို ငါလိုချင်တာ"ဝှီးချဲကို အလိုက်သတိတွန်းပေးလာတဲ့ ကိုယ်ရံတော်တွေနဲ့အတူ
ပန်းချီဆွဲသော သခင်လေးဟာ တဖြည်းဖြည်းချင်းပျောက်ကွယ်သွားလေရဲ့
..................................................................
Nozomi နှုတ်ခမ်းတွေကို တချက်သပ်လိုက်မိတယ်
လိပ်ပြာ တနည်း Chou ဆိုသော လူသားသည် မျက်စိရှေ့တွေ ရှပ်အင်္ကျီအနက်ရောင် ဘောင်းဘီအနက်ရောင်ကိုဝတ်ဆင်လျက် နံရံကိုမှီကာရပ်နေသည်လေ
နှုတ်ခမ်းအထက်ကနေ နားအဖျားအထိ တွဲလျက်ချိတ်ဆွဲထားသောခပ်ဆန်းဆန်း နားကပ်ကြိုးကို အတန်ငယ် မျက်စိနောက်ပေမယ့်လို့
Chouက အဲ့အရာနဲ့လိုက်ဖက်မှုရှိတာကို Nozomi မငြင်း