Zawgyi
တောင်ပံမဲ့လိပ်ပြာExtra- Halloween Special : 1
"Takahashi-san"
*Nozomi ရဲ့မျိုးရိုးအမည်က တကဟရှိပါနော် ရင်းနှီးတဲ့သူငယ်ချင်းတွေကလွဲရင် ကျန်တဲ့သူတွေက မျိုးရိုးနာမည်ကိုဘဲခေါ်လေ့ရှိပါတယ်။*
"ဟင်"
လင်းလက်လာသော ဖုန်းမျက်နှာပြင်ကို ငေးကြည့်မိလိုက်သည်မို့ အတွင်းရေးမှူးပြောနေသည့်စကားများကို လွတ်သွားလေသည်။
"ဆောရီး ခုနက အကြောင်းအရာလေးပြန်ပြောပေးပါ"
အတွင်းရေးမှူးမလေးက အပြုံးတစ်ခုဖြင့်တုန့်ပြန်ကာ ဒီနေ့ရဲ့အချိန်စာရင်းကို ပြန်လည်ရှင်းပြလေသည်။
လင်းလက်နေဆဲ ဖုန်းမျက်နှာပြင်လေးကို တော့ Nozomiလစ်လျူရှုထားလိုက်သည်။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
Nozomi!
ဒီနေ့ဘာနေ့လဲသိလား
ဟောလိုးဝင်း ဟောလိုးဝင်း
ရှိဘုယသွားရအောင်
သွားကြမယ်မဟုတ်လား
Pleasure in Hell လည်းသွားကြမယ်
ကိုယ် Bunnyနဲ့ချိန်းလိုက်ပြီ
သွားရအောင်
သွားရအောင်
မင်းမလိုက်လဲ ကိုယ်သွားမှာနော်
စာမပြန်လဲ ဘိုင့်
လက်ထဲကဖုန်းကို ဆောင့်ခနဲချလိုက်ပြီး အနီးရှိ စာရွက်ထည့်တဲ့အမှိုက်ပုံးလေးကိုကန်လိုက်တာကြောင့်
သက်တော်စောင့် Toyama က မျက်လုံးတစ်ချက်လှန်ကြည့်သည်
အနည်းငယ်တွန့်ကွေးနေသော မျက်ခုံးတို့နှင့်အတူ ဆေးလိပ်ကိုလက်လှမ်းနေသောကြောင့် Toyoma ချောင်းဟန့်လိုက်သည်
"အဟမ်း"
စောင်ပေပေကြည့်ကာ လက်ပြန်ရုတ်သွားသော Ichiroဆိုသည့်သခင်လေးသည် Toyamaမက်လုံးထဲတွင် ညီငယ်လေးသဖွယ် ချစ်စဖွယ်ကောင်းနေသေးသည်။
သောက်လွန်းလှသော ဆေးလိပ်များကြောင့် အဆုတ်အားနည်းလာသည်ဆိုသော ဆေးစစ်ချက်အဖြေသည်