!24!

11.7K 862 75
                                    

Zawgyi

တောင်ပံမယ့်လိပ်ပြာ

အပိုင်း (၂၄)

✦✦✦✦✦✦✦✦✦✦✦✦✦

ခရစ်စမတ်ကျော်လွန်ကာ နှစ်သစ်ကူးရက်နီးလာသော်ငြား

စံအိမ်ကြီးသည်ခြောက်ကပ်လွန်းလှသည်.....

စံအိမ်ကြီးရဲ့ အရှင်သခင်လေးအတွက် စိုးရိမ်ပူပန်စိတ်များနဲ့ ကိုယ်ရံတော်ကြီးသည်

ကုတင်ထက်က အဖြူရောင်သခင်လေးကို ခပ်ငေးငေးကြည့်နေမိသည်.......။

စတွေ့ချိန်ကစ ပျော်ရွင်မှုဆိုတာ ဘာမှန်းမသိရှာသောသခင်လေးသည်

မပြုံးရွင်သော်ငြား ညှိုးငယ်နေတတ်သူမဟုတ်

ခုတော့.........

အမြဲလိုလိုတစ်နေရာကိုငေးနေတတ်ကာ

ပျောက်သွားပြန်ရင်လဲ ဒဏ်ရာကြီးကြီးမားမားနဲ့ ပြန်လာတတ်ပြန်လေသည်......။

မိသားစုဆိုတာကို ဘာမှန်းမသိတော့သော်ငြား

သခင်လေးသည် နှစ်သစ်ကူးချိန်တိုင်း စံအိမ်က ၀န်ထမ်းအားလုံးကို ခွင့်ရက်ရှည်ပေးကာ

မိသားစုကိုအချိန်ပေးစေပြန်သည်....

ခြောက်ကပ်လွန်းသော စံအိမ်ကြီးတွင်

သခင်လေး တစ်ယောက်တည်းအထီးကျန်နေမည်ကို မလိုလားခြင်းရယ်ကြောင့်

မိသားစုမရှိသော မိမိနဲ့ အိမ်တော်ထိန်းသာ ဒီလိုရက်မျိုးတွင် စံအိမ်တွေကျန်နေခဲ့ခြင်းဖြစ်သည်....။

"သခင်လေး အိပ်ပျော်နေတုန်းဘဲ လား Toyama-san"

စကားသံကြားမှ ပျံ့လွင့်နေသော အာရုံတို့ ပြန်လည်စုစည်းမိလေသည်။

"ဟုတ်တယ် Komiya-san ဆေးအရှိန်ကြောင့် အိပ်ပျော်နေတုန်းဘဲ... "

"ဒီလိုလေး ငြိမ်ငြိမ်လေး အိပ်နေတာ တော်သေးတာပေါ့ ဗျာ နိုးလာရင် စားဖို့ တခုခု သွားပြင်ထားလိုက်ဦးမယ်"

စိတ်ချသွားဟန်ရှိသော အိမ်တော်ထိန်း မျက်နှာက အနည်းငယ် လန်းဆန်းသွားပုံရသည်.....

နိုးမည့်ဟန်မပေါ်သေးတာကြောင့် ကိုယ်ရံတော်လဲ မိမိအခန်းရှိရာသို့ ပြန်လှည့်လာခဲ့မိသည်..။

တောင်ပံမဲ့လိပ်ပြာWhere stories live. Discover now