ကိုယ့်ကို.....
အချစ် ဆိုတာ ခံစားလို့မရဘူးလို့
ပြောလာတဲ့အခါ~မင်းရဲ့မျက်ဝန်း
စကားသံတွေက တစ်ဆင့်
ကိုယ် အချစ်ကို ခံစားလို့ ရနေခဲ့တယ်ဆိုတာ...
ကိုယ့်ကို....
အချစ်ဆိုတာ မမြင်နိုင်ဘူးလို့
ပြောလာတဲ့အခါ~မင်းနှုတ်ခမ်းထက်
ခပ်ပါးပါး ကွေးညွတ်လိုက်တဲ့ အပြုံးကို မြင်ချိန်တိုင်း
ကိုယ် အချစ်ကို ခပ်ပျပျ မြင်နေရတယ် ဆိုတာ....
ကိုယ့်ကို....
အချစ်ဆိုတာ မကြားနိုင်ဘူးလို့
ပြောလာတဲ့အခါ~မင်း ရဲ့ မူပိုင်
ရယ်သံတို့ ခပ်လွင်လွင်ကို ကြားချိန်တိုင်း
ကိုယ်ဟာ အချစ်ကို ကြားနိုင်စွမ်း ရှိနေခဲ့တယ်ဆိုရင်....✉ KHaneul
...........
YOU ARE READING
~Awl~
Non-Fictionစိတ်ကူး၏ နယ်ခြားတွင် Awl ကို ပိုင်ခွင့်ရှိသည် ။ . . မည်၍မည်မျှသာ....။ 7.8.2017