တက္ကသိုလ် ဘုန်းနိုင်ရဲ့ စာတွေဟာ သိပ်ကို လွမ်းရတယ်..။
ဟော တစ်ဆက်တည်း ခင်များက အာရုံထဲမှာ လွှမ်းလာပါလေရောလား..။
ကိုယ် မလွမ်းချင်သေးဘူး ခင်များရယ် ..။
လွမ်းချိန်မတိုင်သေးဘူးလို့ဘဲ ပြောပါရစေ..။
ဘယ်တုန်းကမှ မနီးဖူးခဲ့တဲ့ သူတစ်ယောက်ကို ရူးသွားမလောက် လွမ်းနေပါတယ်လို့ ကြားရင် ခင်များရော ဘေးလူတွေလို ရယ်နေလိမ့်မလား..။
သိပ်မလှောင်ပါနဲ့ ခများရယ် ဒါဟာ ဟာသပါ ဆိုရင်တောင်မှပေါ့..။
ဆရာဘုန်းနိုင်က ပြောထားတယ် သိချင်လေရဲ့လား..။
ငွေလမင်းဟူသည်ကို လူက မပိုင်နိုင်ပါ။ မပိုင်နိုင်ပေမယ့် ချစ်ရသည်တဲ့..။
ကဲ ဘယ်လောက်လှလိုက်သလဲ။
ဒီတော့ ခင်များကလည်း ကိုယ့်ငွေလမင်း..။ အင်း ကိုယ်သာပိုင်တဲ့ ကိုယ့်လမင်းပေါ့လေ..။
တစ်ခုတော့ပြောမယ် ခင်များရယ် ဒီနေ့ ကိုယ် သိပ်စိတ်ညစ်နေတယ်..။ ကျေးဇူးပြုပြီး မေးခွန်းတွေ သိပ်မများစမ်းနဲ့ ကိုယ် ခင်များကို မချစ်ဘူး Awl ဘယ်တော့မှ ဘယ်သောအခါမှ..။
YOU ARE READING
~Awl~
Non-Fictionစိတ်ကူး၏ နယ်ခြားတွင် Awl ကို ပိုင်ခွင့်ရှိသည် ။ . . မည်၍မည်မျှသာ....။ 7.8.2017