ကိုယ့်ဘ၀ထဲ တစ်စုံတစ်ယောက်ဆိုတာ ရှိမလာချိန် မင်းဝင်လာတယ်~
မင်း အသိထဲ ကိုယ်မရှိချိန် ကိုယ့် နှလုံးသား ပေးအပ်သူဟာ မင်းဖြစ်နေခဲ့တယ်~
အမှန်တရားကို ကိုယ်လက်မခံနိုင်ချိန် သတိပေးနေတတ်တာ မင်းနဲ့ကိုယ့်ကြား ဖြစ်တည်မှု~
တစ်နေ့တာကို မင်းအကြောင်းဘဲ ပြည့်နေပြီး လှပအောင် ဖန်တီးနေတတ်တာမျိုး~
'သိပ်ချစ်ပါတယ်' မင်း နှုတ်ဖျားက ခြုံငုံပြောလိုက်တဲ့ တေးသွား ကိုယ့်နှလုံးသားက အလိုမတူစွာ ငြင်းဆန်မှု တစ်ခုဖြစ်နေလေရဲ့~
လက်တွဲဖော်
မင်းအတွက်တော့ အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်နေချိန် နှလုံးသားတစ်စုံ စုတ်ပြတ်သွားမှာကိုတော့ မင်းသိနေခဲ့မှာမဟုတ်ဘူး~
'ဘာလို့များ မင်းကိုမှ ချစ်မိခဲ့တာလည်း' အကြိမ်ပေါင်းများစွာ ရူးသွပ်ခဲ့တဲ့ မေးခွန်းတစ်ခု
မတူညီတဲ့အချိန် မတူညီတဲ့နေရာမှာ တူညီတဲ့ဒီမေးခွန်းအတွက် အဖြေက တစ်ခုတည်း
ဒါဟာ 'မင်းဖြစ်နေလို့ပါတဲ့' လေ ဘာကန့်သန့်ချက် ဘာဖြစ်တည်မှုမှ မပါဘဲနဲ့ပေါ့~
✉KHaneul
.......
YOU ARE READING
~Awl~
Non-Fictionစိတ်ကူး၏ နယ်ခြားတွင် Awl ကို ပိုင်ခွင့်ရှိသည် ။ . . မည်၍မည်မျှသာ....။ 7.8.2017