Someone!

512 24 2
                                    

မင်းဆိုတာ~
ကိုယ့်​အတွက်​..​ပျော်​ရွင်​ခြင်းရဲ့ လမ်းစ....

မင်းဆိုတာ~
အောင်​မြင်​မှု​နဲ့ ပြည့်​​နေတဲ့ လူသားတစ်​​ယောက်​...

မင်းဆိုတာ~
မသိစိတ်​တို့က ခပ်​ဖြည်းဖြည်း ရူးသွပ်​သွား​စေနိုင်​တာမျိုး....

- - - - - - - - - - - - - - - - - - -

အဖြူထည်​သက်​သက်​...
ပကတိ ကြည်​လင်​​နေတတ်​တဲ့ မင်းမျက်​၀န်း....
မသိလိုက်​ချိန်​မှာဘဲ မင်းညှို့ချက်​​တွေကြား ကိုယ်​ဟာ ​ပျောက်​ဆုံး​နေတတ်​တာမျိုး.....

သူမတူစွာ ဖြစ်​တည်​​နေတဲ့~
အေးချမ်းတဲ့ မျက်​နှာ​တော်​ကို ​မော်​ဖူးရချိန်​.....
ကိုယ်​ဟာ အသိစိတ်​လွတ်​စွာ ရပ်​တည်​​ပြီး~
မှားယွင်း​နေတဲ့ လူသားတစ်​​ယောက်​....

မင်းသာ ပိုင်​ဆိုင်​တဲ့~
တစ်​ခုတည်း​သော မင်းသံစဉ်​~
ကိုယ်​ဟာ နှလုံးသားထဲထိ စွဲ​အောင်​ မှတ်​မိ​နေတတ်​တဲ့ အရူးလိုမျိုး လူ....

မင်း ဆိုတဲ့ ဖြစ်​တည်​မှု~
ကိုယ်​ ရှင်​သန်​ရာ အ​ကြောင်းပြချက်​ တစ်​ခုအ​နေနဲ့
တည်​ရှိ​နေတာမျိုး.....

မင်းကစလို့ အချစ်​နဲ့ ထိ​တွေ့​စေခဲ့တယ်​....
မင်း​ကြောင့်​နဲ့ အရာရာဟာ အဓိပ္ပါယ်​ရှိလာခဲ့သလို...
မင်းအတွက်​နဲ့ ယှဉ်​ပြီး စဉ်းစားတတ်​​အောင်​ ဆရာမလိုခဲ့ပြန်​ဘူး....

လှုပ်​ရှားမှု​လေး အ​သေးစိတ်​ကစလို့~
မင်း စိတ်​ခံစားရာ ​ဖော်​ပြ​တတ်​တဲ့ မျက်​၀န်းတစ်​စုံ အဆုံး~
ကိုယ်​ဟာ မိုက်​မဲစွာ နှလုံးသားထဲ မျိုး​စေ့ချလို့ ရှင်​သန်​​စေခဲ့တယ်​....

- - - - - - - - - - - - - - - - - - -

အဆုံးသတ်~
သိလိုက်​တဲ့ အမှန်​တရား တစ်​ခု.....

အများအမြင်​ သိပ်​ကို ရူးတဲ့ စွဲလန်းမှုတစ်​ခုသာ~
ဒါဟာ ကိုယ့်​အတွက်​​တော့ ​အလှပဆုံး ဖြစ်​တည်​မှုနဲ့
ပျားရည်​လို သိပ်​ချိုလွန်းတဲ့ အဆိပ်​....

- - - - - - - - - - - - - - - - - - - -

အရာရာကို ​နောက်​ပြန်​လှည့်​ခွင့်​~
ကြိုးစားမိချိန်​...
နှလုံးသားက နာကျင်​တတ်​လာတယ်

မင်းရဲ့ ဖြစ်​တည်​မှု~
အမှန်​တရားကို ​ကြောက်​လန့်​စွာ ၀န်​ခံမိချိန်​..
ပတ်​၀န်းကျင်​ကို အ​မှောင်​ချ
နှလုံးသား တစ်​စုံ စုတ်​ပြတ်​သွားတာ~
မင်းသိပါ​လေစ....

- - - - - - - - - - - - - - - - - - - - -

ကိုယ်​ဆိုတဲ့ ဖြစ်​တည်​မှုထက်​~

တစ်​စုံတစ်​ရာရဲ့ ဖြစ်​တည်​မှုက
မင်းအတွက်
သိပ်​ကို အ​ရေးပါ​တဲ့ အချိန်​​ရောက်​ခဲ့ရင်​​တော့....

ကိုယ်​ဟာ တစ်​စုံတစ်​ရာ အတွက်​~
အဆုံးစွန်​ဆုံး အဆုံးသတ်​ကို.....

အေးစက်​စက်​ နှလုံးသားတစ်​စုံ~
မျက်​၀န်းထက်​ အပြုံးတို့နဲ့
လှပစွာ ဖြစ်​တည်​​ပေးပြီး လက်​ခံနိုင်​ပါ့မလား
ဆိုတာ....

//အ​မေးမရှိ​သော ပုစ္ဆာ တစ်​ပုဒ်​အား
ကာရံမဲ့စွာ အ​ဖြေရှာခြင်း//

✉ KHaneul

~Awl~Where stories live. Discover now