ညှို့လွန်းတဲ့ မျက်ဝန်းတစ်စုံကြား ကျရှုံးနေတုန်း
ပန်းဆီရောင် နှုတ်ခမ်းပေါ်က မင်းအပြုံးကို မြင်ရချိန်
ကိုယ်ဟာ တစ်ခါတစ်ရံ မှပေါ်လာတတ်တဲ့ မင်းပါးချိုင့်ကိုပါ အမြင်မကြည်ချင်တော့ဘူး သခင်..။လူပေါင်းများစွာကို ရည်ရွယ်ပြီး 'ချစ်ပါတယ်´ပြောတဲ့ မင်းစကားသံကို အတ္တကြီးစွာ ကိုယ် ငြင်းဆန်တတ်နေပြီ။
ငယ်ငယ်ကလို မင်းရယ်နေတဲ့ ပုံရိပ်တွေမြင်ရင် ခုန်ပေါက်နေမယ့်အစား မင်းအပြုံးနောက်ကွယ်က ဖုံးကွယ်ထားတဲ့ ခံစားချက်တစ်စုံကို မျက်ဝန်းတွေကနေတစ်ဆင့် လိုက်ရှာမိနေပြီ...သခင်။
မင်း ထိခိုက်ရင် ထိုင်ငိုနေမယ့်အစား ထပ်တူ နာကျင်အောင် ပြုမူတတ်နေပြီ ဆိုတာ သိနေရဲ့လား။
ရင့်ကျက်လာတာ သိပေမယ့် ကျေးဇူးပြုပြီး ဟန်မဆောင်ပါနဲ့ ခင်များရယ်။
ဟန်ဆောင်ပြုံးတွေနောက်က ဖြစ်ရပ်မှန်တွေကို အပြုံးတစ်ခုနဲ့ မမြင်ချင်ယောင်ဆောင်ရအောင်ထိ ကိုယ့်နှလုံးသား မင်းအတွက် မမာကြောဘူးဆိုတာ သိစေချင်တယ်..
ပုံရိပ်သခင်။
✉KHaneul
.......
YOU ARE READING
~Awl~
Nonfiksiစိတ်ကူး၏ နယ်ခြားတွင် Awl ကို ပိုင်ခွင့်ရှိသည် ။ . . မည်၍မည်မျှသာ....။ 7.8.2017