အချစ်~
သိမ်မွေ့ခြင်းလို့
မင်းခေါင်းစဉ်တပ်ထားသလား
ကလေး...?သိပ်လှပတဲ့ အကြောင်းပြချက်
အသေသပ်ဆုံးနည်းတွေနဲ့
နူးညံ့မှုအဆုံး
နှလုံးသား နက်နဲစွာ ဖျက်ဆီးခံရမှာကိုတော့
မရိပ်မိခဲ့ဘူးလားဖြေလိုက်စမ်းပါ ကလေး...
မရည်ရွယ်ခဲ့ဘူး အမှန်ပါလို့~
အနည်းဆုံးတော့
မင်းက စလို့
မှားခဲ့တာပါ ဆိုပြီး
ကိုယ် မပြောနိုင်ဘူး မဟုတ်လား...
တန်ဖိုးထားတဲ့အရာတစ်ခုကို
ပိုင်ဆိုင်ခွင့် မရှိချိန်
နာကျင်ခြင်းကို
တိုးတိတ်တဲ့ ၀န်ခံစာ ကဗျာတစ်ပုဒ် အဖြစ်
ပြောင်းလဲမိခြင်း အကြောင်းပြချက်ကို
မင်း ရှာတွေ့ခဲ့မှာပါ...✉ KHaneul
........
YOU ARE READING
~Awl~
Non-Fictionစိတ်ကူး၏ နယ်ခြားတွင် Awl ကို ပိုင်ခွင့်ရှိသည် ။ . . မည်၍မည်မျှသာ....။ 7.8.2017