Unicode
...
အချစ်က နာကျင်စေတယ်လေ...
ကိုယ်တို့တွေ ရှောင်နိုင်သမျှ ရှောင်ကြရအောင်.....
တိုက်ခတ်နေတဲ့ လေပြေ ဖြူးဖြူးကြောင့်
ကန်ရေပြင်တစ်လျှောက် လှိုင်းကြပ်ခွပ်တွေနဲ့ ဘောင်ဘင်ခတ်လို့...နှင်းဆီပန်းရုံခပ်သေးသေးကလည်း ကန်စပ်
တစ်လျှောက် ရဲရဲနီလို့... ခပ်သင်းသင်း မွှေးရနံ့က
လည်း ရင်ကို အေးစေသလို. .ဒါပေမယ့်.. baekhyun.. သူ့ရင်တွေမအေးနိုင်ပါ..
ဘာလို့ဆို. သူအခု ဒီနေရာကို ရောက်နေရတဲ့
အကြောင်း ရင်းကြောင့်ပေါ့...အေးစက်နေပြီ ဖြစ်တဲ့ လက်ဖျားတွေကို
နွေးလိုနွေးငြား အချင်းချင်း ဆုပ်ကိုင်ထား
ရင်း ပါးစပ်နားတေ့ကာ တဖူးဖူးမှုတ်ရင်း
အာငွေ့ပေးနေမိသည်..." အား!!! ရင်တွေခုန်လို့ ရှူးတော့မှာပဲ... "
ရင်တွေခုန်နေတာ တဒုတ်ဒုတ်အသံတွေက
နားထဲမှာ ဆူညံလို့.. ရင်တွေတင်မက
ဒူးတွေပါ တုန်နေတာ.. ခြေထောက်တွေပင်
ကောင်းကောင်း ထောက်နိုင်စွမ်းမရှိတော့..." တစ် နှစ်.. တစ် နှစ်... ဟူး... စိတ်လျော့မယ် "
ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်
ခုန်လိုက် ပေါက်လိုက် သူဂနာမငြိမ်ဖြစ်နေမိသည်
..ဂနာမငြိမ်တာမှ မနက်ကတည်းက ဖြစ်သည်..
သွားတိုက်ဆေးနဲ့ မျက်နှာသစ်ဆေးတွေလည်း
မှားထည့်လို ထည့်
မနက်ကျောင်းသွားတော့လည်း အကျီၤပြောင်းပြန်ကြီး ဝတ်လိုဝတ်
ကျောင်းမှာလည်း စာတွေမှားရေလိုရေး...
အိမ်ကို ပြန်ရောက်တော့လည်း ရေကို နှစ်ခါတောင်ချိုးလိုက်သေးတယ်....မနက်ကတည်းက အခုအချိန်အတွက် အစီအစဉ်တွေကြိုပြီး ဆွဲပြီးသားဆိုပေမယ့်
အကုန်အလွှဲလွှဲ အချော်ချော် .... တော်သေးတာက
သူ ချိန်းထားတာထပ် နာရီဝက်လောက် စောပြီး
ရောက်နေခြင်းပင် ...သူအခု စောင့်နေတဲ့သူက ... အင်းးးးး
အဟိ... သူ.. သူ အရမ်းချစ်ရတဲ့ သူပေါ့...
YOU ARE READING
C•L•O•U•D
Fanfiction~Chanကို ချစ်တယ်... ~ကိုယ်တို့ မချစ်ဘဲနေကြရအောင်... အချစ်က.. တိမ်စိုင်တွေလိုပဲ ဖမ်းဆုပ်ရသိပ်ခက်တယ်...