Unicode
...
ကိုယ် ...
....................
ကိုရီးယားနိုင်ငံမနက်ခင်းက နှင်းတွေတလူလူ
နဲ့.. တကယ်ကို အေးစက်စက်နိုင်လှသည်...ရပ်ကွက်လမ်းကြားလေးထဲကနေ လမ်းမပေါ်
ထွက်လိုက်သည်နှင့်...
အနွေးထည်ရောင်စုံနဲ့.. လူအများအပြားက
.... ထွက်ပေါ်နေသည့် နေမင်းကြီးနဲ့အပြိုင်
တက်ကြွစွာ.. သွားလာလှုပ်ရှားလို့...Luhan hyungက ကျောင်းလိုက်ပို့ပေးမယ်လို့
ပြောပေမယ့်... ကျွန်တော် တစ်ယောက်တည်း
ထွက်လာခဲ့သည်... ဘာကြောင့်ရယ်မသိ...
ကျွန်တော်တစ်ယောက်တည်းသာ ရှိနေချင်သည်.လူတစ်ယောက်... ကိုယ့်ကို သတိထားမိမယ့်
လူတစ်ယောက်ယောက် အနားမှာရှိနေတာ
က.. ကျွန်တော့်စိတ်ကို အနှောင့်အယှက်ဖြစ်
နိုင်သည်ဟု ထင်နေမိသည် ..တပ်ထားတဲ့နားကြပ်ထဲက သီချင်းသံအေးအေး
လွင့်လွင့်လေးတစ်ပုဒ်က ပျံ့လွင့်နေပေမယ့်
ဘာသီချင်းလဲဆိုတာ.. ကျွန်တော်မသိ..
သိလည်းမသိချင်... ဒါဆို.. ကျွန်တော်
ဒီနားကြပ်ကိုဘာလို့တပ်ထားမိတာလဲ...အင်းးး ဒါလည်းကျွန်တော်သေချာမသိ
ထားပါလေ..ဒါအရေးကြီးတဲ့ ကိစ္စမှမဟုတ်ဘဲလမ်းပေါ်က..လူတွေ..လူတွေ ..
အနွေးထည်ကိုယ်စီနဲ့... ကျွန်တော် ဒေါသထွက်လာမိသည်... ဘာလို့အနွေးထည်
တွေ လူတိုင်းဝတ်ထားကြတာလဲ...အေးတယ်ဆိုပေမယ့်... လူတိုင်း အနွေးထည်
ဝတ်ရမယ်ဆိုတဲ့ စည်းမျဉ်းမျိုးရှိတာလဲ
မဟုတ်ပဲနဲ့... လူတွေက အပို သိပ်လုပ်တာပဲကားပေါ်ရောက်တော့လည်း...
ထိုင်ဖို့ ခုံရှိတဲ့နေရာကို အပြေးသွားကြတဲ့ လူတွေ
... သနားစရာကောင်းလွန်းတယ်မဟုတ်လား..အချိန်ခဏလေး မတ်တပ်မရပ်နေရဖို့ကိုများ
အပြေးအလွှားအလုအယက်...
ကမ္ဘာပျက်နေလိုက်တာ....ကားမှန်ပြတင်းပေါက်ကို မျက်နှာမူပြီးရပ်နေတာမို့
တရွေ့ရွေ့သွားနေတဲ့.. ကားဘေးက...
အရာဝတ္ထုတွေ...သစ်ပင်တွေ.. တိုက်တွေ..
ဆိုင်တွေ... အကုန်လုံးက ကားရဲ့ ဝေးရာကို..
ကြောက်လန့်တကြား ပြေးနေကြဟန်....
အရမ်းကြည့်လို့ကောင်းတယ်...
အဲ့ဒီ့အရာတေ့ကိုကြည့်နေရတာ
ပျော်စရာကောင်းတယ်
ŞİMDİ OKUDUĞUN
C•L•O•U•D
Hayran Kurgu~Chanကို ချစ်တယ်... ~ကိုယ်တို့ မချစ်ဘဲနေကြရအောင်... အချစ်က.. တိမ်စိုင်တွေလိုပဲ ဖမ်းဆုပ်ရသိပ်ခက်တယ်...