~တိမ္~

5K 602 71
                                    

Unicode

...

အရမ်းပြုံးမပြနဲ့ ကလေးရဲ့ ...
သိတယ် မဟုတ်လား
အပြုံးတွေက အချစ်တွေရဲ့ နိဒါန်းဆိုတာ

...

"Luhan hyung.... သွားရအောင်လေ..
လေယာဉ်ချိန်နီးနေပြီ "

မနက်ပိုင်းလေယာဉ်ချိန်မို့ မနက်အစောကြီး
ထပြီးပြင်ဆင်ရသည်လေ..

မားက မနက်စာကို နေမကောင်းသည့်ကြားက ဖွယ်ဖွယ်ရာရာ စုံစုံလင်လင်လေးပြင်ဆင်ပေးထား
သည်မို့ hyungမှာ... မျက်ရည်လည်ခဲ့သေးသည်

သွားခါနီးကိုတောင်မှ မားနဲ့ အလွမ်းသယ်လို့မပြီး
နိုင် ... စကားမပြတ်နိုင်တာနဲ့ ကျွန်တော်ဝင်ပြီး
သတိပေးရသေးသည်...

Vibrateလုပ်ထားတာမို့ တုန်ခါလာတဲ့ ဖုန်းကြောင့်
ကြည့်လိုက်မိတော့ Chanဆီက message
ဝင်နေတာပင် ....

"" လေးထောင့်လေး.. အချိန်ရလားဟင်
ကိုယ်တို့တွေ့ရအောင် ... ""

Messageကို ဖတ်ပြီးတာနဲ့ ဘာမှပင်
တွေဝေစဉ်းစားမနေတော့ဘဲ ... စာလုံးတစ်ချို့
ကို အမြန်typeလိုက်ပြီး.. replyပြန်လိုက်မိသည်

"" ကျွန်တော်မအားဘူး..Chan
Luhan hyungနဲ့ ကိစ္စလေးရှိလို့ ...""

Sentဖြစ်သွားတဲ့messageလေးကို
ဖုန်းscreen off သွားသည်အထိ အခေါက်ခေါက်
ပြန်ဖတ်ကြည့်နေမိသည် ..ပြီးမှ ... အနည်းငယ် တုန်လှုပ်လာမိသည် ....

ကျွန်တော် ဘာလို့အဲ့လောက်ပြတ်သား
နေမိတာလဲ ... ဘာလို့အဲ့လောက် အေးစက်တည်
ငြိမ်နေရတာလဲ... ဘယ်လိုပဲ ရင့်ကျက်နေပြီပြော
ပြော အဲ့လောက်ထိတော့....

ဖုန်းလေးကို ကျစ်ကျစ်ပါအောင် လက်နဲ့ဖျစ်ညစ်ထားမိသည်..ထို့အတူ
ကျွန်တော့်နှလုံးသားလေးလည်း ဖုန်းလေးအတိုင်း

" သွားရအောင်လေ.. အငယ်လေး "

Luhan hyungကို ပြုံးပြရင်း hyungနောက်ကနေ
လိုက်ပြီး.. အပြင်ကိုထွက်လာခဲ့တယ်...

Taxiပေါ်ရောက်တဲ့အထိ ... ဖုန်းကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိတုန်းပဲ
....

လက်ထဲမှာ တုန်ခါမှုကို ထပ်ပြီးခံစားလိုက်ရ
တော့... ဖုန်းကိုကြည့်မိတယ်...

C•L•O•U•D Tempat cerita menjadi hidup. Temukan sekarang