~တိမ္~

6.2K 654 33
                                    


Unicode

...

ကိုယ့်ကို ပိုင်ဆိုင်ရဖို့ မကြိုးစားပါနဲ့လား
ကိုယ် မင်းကို တကယ် မချစ်ဘူး..

...

ကျောင်းပိတ်ရက် တွေမှာ... စိတ်တွေ
ရှုပ်ထွေးလေးလံရင်း.
ကုန်ဆုံး ဖြစ်ခဲ့တော့.... ကျောင်းပြန်တက်
ရတဲ့ နေ့ရောက်တော့... စိတ်တွေက
မကြည်လင်... ကျောင်းမသွားချင်ပေမယ့်..
အိမ်မှာလဲ... မားနဲ့ မျက်နှာချင်းမဆိုင်ချင်...
မျက်နှာပူသလို... အနေရခက်သလို...
ဟင်းးးးးး ဘဝကြီးက စိတ်ကုန်စရာ
ကြီးပါ့လားနော်....

လေးလံထိုင်းမှိုင်းတဲ့... စိတ်တွေကြောင့် ခြေလှမ်း
တွေက လေးပင်နေခဲ့သည်...
တစ်လှမ်းချင်း စိတ်မပါ လက်မပါစွာ

ပြီးတော့... သူ...

သူ့ကိုရော... ကျွန်တော် ဘယ်လိုတွေးရမလဲ...
အမှန်တကယ်ကို သူ့ကိုနားလည်ပေးချင်သည်
... သူနဲ့စကားတွေအများကြီးပြောကြည့်ချင်
သည်.... သူအကြောင်းတွေအကုန်သိချင်သည်
.... ကျွန်တော့်ကို ပြုမူနေတဲ့.. သူ့
အပြုအမူတွေရဲ့ နောက်မှာ... အကြောင်းအရာ
တစ်ခုခု ... အင်း.. ကျွန်တော်မသိနိုင်တဲ့..တခုခု.ရှိနေလိမ့်မည်လို့
ကျွန်တော်ထင်သည်.. မဟုတ်ဘူး.. ရှိကို
ရှိနေလိမ့်မည်... ရှိနေမှာ.. ကျွန်တော်သိနေသည်

သူ့မှာအပြစ်မရှိဘူးလို့ ကျွန်တော်တွေးပေးချင်သည် .... ယုံကြည်ချင်သည်....

ဒါပေမယ့်လည်း...
သူ ကျွန်တော့်ကို လုပ်ခဲ့တဲ့ အပြုအမူတွေအတွက်
ကျွန်တော် သူ့ကို စိတ်တော့ ဆိုးသင့်သည်နော်
... အွန်း... ခဏလောက်ပဲဖြစ်ဖြစ်..
သေးသေးလေးပဲ ဖြစ်ဖြစ်...
သူ့မချော့လည်း... ဘာအရေးလည်း..
ကိုယ့်ဘာသာပြေလိုက်မှာပေါ့.. ဘာဖြစ်လည်း
နော် ... ခဏလောက်တော့.. အွန်း ခဏလောက်တော့ ကျွန်တော်သူ့ကို စိတ်ဆိုးမည်
ပြီးလျှင်... ကိုယ့်ဘာသာကိုယ် ဖြည့်တွေးရင်း
စိတ်ဆိုးပြေသွားသည့်အခါ..
ဒီထပ်ပိုပြီး သူ့ကိုချစ်ပေးမှာပေါ့...

အတွေးတွေနဲ့... ချာချာလည်နေရင်း...
လမ်းကိုပင် ကောင်းကောင်းမလျှောက်မိ...

" အ "

ရှေ့မှာရှိနေသည့် ကျောက်ခဲကို ခလုတ်တိုက်မိတော့ ရှေ့ကို ခြေထောက်က
ချော်ပြီး လဲမလို ဖြစ်သွားသည်...

C•L•O•U•D Where stories live. Discover now