~တိမ္~

5.4K 690 126
                                    

Unicode

...

ကိုယ်.. မင်းကို .............
... မချစ်ပါဘူးဆို... တကယ် .. တကယ်မချစ်တာပါ

...

အခန်းထောင့်လေးမှာပဲ ကျုံ့ကျုံ့လေး
ထိုင်နေရာက..... တဖြည်းဖြည်း...
ပိုမှောင်မည်းလာပြီး...ညဉ့်နက်ကို...
တရွေ့ရွေ့ကျော်လာတော့. ..

တစတစရောင်နီသမ်းလာရင်း...
နေခြည်နုနုပင်..... အခန်းတံခါးကို လာခေါက်
လေချေပြီ...

ဒါပေမယ့် တစ်ညလုံး ကျွန်တော်
ငုတ်တုတ်သာ ထိုင်နေမိတယ်....
အိပ်ပျော်သွားရင်... ထပ်ပြီး အသိစိတ်တွေ
လွတ်သွားလိမ့်မလားဆိုတဲ့ ကြောက်ရွံ့မှုတွေ
နဲ့ ... ကိုယ့်သတိကိုယ်... စက္ကန့်မလွတ်အတင်း
ဖမ်းဆုပ်ရင်း..... ထိုင်နေခဲ့တာ....

ဒီလိုနေနေလို့မဖြစ် ....
ကျွန်တော် တစ်ခုခုကို ဆုံးဖြတ်လိုက်သည်
...

နေ့သစ်တစ်နေ့အစပြုဖြစ်တည်လာတယ်ဆိုတာ
အရင်တစ်နေ့ကို ဖျက်ဆီးပစ်လိုက်တာ
မဟုတ်ဘူး...
အရင်တစ်နေ့က... တဖြေးဖြေး ပြီးဆုံးပျောက်
ကွယ် သွားတာ.....

ကျွန်တော်ပြုံးလိုက်သည်....
နေရောင်မဟုတ်တဲ့.... အခန်းတွင်မီးရောင်
ကြောင့်လားတော့မသိ... ကျွန်တော့်အပြုံးက
အနည်းငယ် အသည်းနင့်ဖွယ် ကောင်းသည်ဟု
ထင်မိသည်....
.
.
.
" မား.~~~~ "

ရေမိုးချိုးပြင်ဆင်ပြီး ကျောင်းသွားဖို့
အဆင်သင့်ဖြစ်သည်နှင့် အောက်ကို
ဆင်းလာတော့.. မားက မနက်ပြင်နေသည်...

မီးဖိုချောင်ထဲ အလုပ်ရှုပ်နေသည့် မားကို
ပြေးဖက်လိုက်ရင်း.... ရင်ခွင်ထဲ ခေါင်းတိုးကာ
ချွုဲလိုက်သည်...

"Aigooo မားရဲ့ ဘေဘီလေး.... ချွုဲနေပြန်ပြီ
... ညက မားကို စိတ်ကောက်သွားတာလားလို့ "

ကျွန်တော်.. မားမမြင်အောင် အံကိုကြိတ်လိုက်မိသည်.....

တောင်းပန်ပါတယ် မားရယ်...
ကျွန်တော် တောင်းပန်ပါတယ်....

ကျွန်တော် မလိမ္မာခဲ့ဘူး....
ဟင့်....

ဝမ်းနည်းလာတာနဲ့ အတူ မားကို ပိုတိုးဖက်လိုက်
တော့...

C•L•O•U•D Donde viven las historias. Descúbrelo ahora