Unicode
...
ကိုယ်တို့တွေ ဝေးကွာသွားကြတာလား..
တစ်ခါမှ မနီးစပ်ခဲ့ကြဘဲနဲ့လေ...
" ကိုယ်မင်းကို မချစ်ဘူး.. အဲ့တာ
ကိုယ့် စိတ်ရင်းပဲ "သူ့စကားအဆုံးမှာ အတတ်နိုင်ဆုံး..
ကျွန်တော်ကြိုးစားမိတာက ...
အလှပဆုံးပြုံးနေနိုင်ဖို့ပဲ ...Chan အဲ့ဒီ့စကားကိုပြောလိုက်တိုင်း...
ညို့မှိုင်းသွားတတ်တဲ့ မျက်ဝန်းတွေကလည်း
ရိုးအီငြီးငွေ့သွားသလို.. တလက်လက်
တောက်နေအောင် ပြုံးနေမိတာပဲ ...." ဟုတ်ပါပြီလေ.. ဒါပေမယ့်... "
သူ့ကို မကြည့်တော့ပဲ ... ခပ်လှမ်းလှမ်းမှာ
ရှိနေတဲ့ ဆိုင်ရဲ့ တံခါးဝလေးကို လှမ်းငေးရင်း..
စကားကို စမိတယ်..." ကျွန်တော်တို့က တွဲနေကြတာမဟုတ်လား.. "
ရှက်ရွံ့စွာ.. သိမ်ငယ်စွာ... မျက်လွှာကို
ချလိုက်ရင်း... မပီမသ ရယ်ဟဟ လုပ်မိတယ်..Chan ကျွန်တော်.. မျက်နှာပြောင် တိုက်လွန်းရာ
ကျနေသလား...ဒီမေးခွန်းကို မေးထွက်ဖို့အတွက်...
ကျွန်တော်ချရင်းလိုက်ရတာ...
မာန??အရှက်တရား??ဂုဏ်သိက္ခာ??
အကုန်လုံးပဲChan.. အကုန်လုံး..ဒါပေမဲ့ Chanရယ် ... အနည်းဆုံးတော့
မျက်နှာပြောင်တိုက်ပြီးတော့ပဲ ဖြစ်ဖြစ်
Chanရဲ့ အနားမှာ ရှိနေချင်တယ်...အဲ့ဒီ့နည်းနဲ့ပဲ ဖြစ်ဖြစ် ခဗျားကို ချစ်ရင်း
ဆိတ်ဆိတ်လေး ကြေကွဲနေဖို့ပဲ ကျွန်တော်
ကတတ်နိုင်တော့တာ..." အဲ့ဒီတော့... ကျွန်တော်ကတော့ Chanရဲ့ အနား
မှာ ရှိနေမှာပဲ... Chanလည်း.. Chanလည်း..
ကျွန်တော့်ကို သဘောကျတာပဲ မဟုတ်လား.. ... "Chanက ကျွန်တော့်ကို သဘောကျတယ်
ဆိုတဲ့ နေရာလေးမှာပဲ ထားရင်..
အဲ့ဒီ့နေရာလေးမှာပဲ မလှုပ်မယှက်ရှိနေပေးပါ့
မယ်...ကျွန်တော် အဲ့ဒီ့လို ရှိနေပေးမယ်ဆိုတာဟာ
စောင့်နေပေးမယ်လို့ဆိုလိုတာတော့
မဟုတ်ဘူး...
ရောက်လာပေးလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်
တွေလည်း မထားတော့ဘူး...
CZYTASZ
C•L•O•U•D
Fanfiction~Chanကို ချစ်တယ်... ~ကိုယ်တို့ မချစ်ဘဲနေကြရအောင်... အချစ်က.. တိမ်စိုင်တွေလိုပဲ ဖမ်းဆုပ်ရသိပ်ခက်တယ်...