Unicode
...
ဒီတိုင်း... ကိုယ့်ဘေးနားမှာ..
ရှိနေပေးလို့မရဘူးလား......
မနက်ခင်းနေရောင်ခြည်က စူးလိုက်တာ..
ပြတင်းတံခါးကိုကျော်ပြီး မျက်လုံးတွေပေါ်
အတင်းနေရာယူနေကြတာများ အိပ်လို့မရ
လောက်တဲ့အထိ...အိပ်ရာပေါ်.. ငုတ်တုတ်ထထိုင်လိုက်ရင်း..
နေရောင်ခြည်ပျပျကို မျက်စောင်းလှမ်းထိုး
လိုက်တယ်...အကျင့်ပုတ်နေရောင်တွေ~~
ပြီးတာနဲ့ အိပ်ယာပေါ်ပြန်လှဲချလိုက်ပြီး..
မျက်နှာကြပ်ဖြူဖြူကို စူးစိုက်ကြည့်နေမိတယ်
....အဖြူရောင်မျက်နှာကြပ်ကနေ... တဖြည်းဖြည်း
မနေ့ညက ပုံရိပ်တွေကို ပြန်မြင်ယောင်လာတယ်" ကျွန်တော်... Chan ကို ချစ်တယ်... "
မျက်လုံးတွေကို မှိတ်ချပစ်လိုက်ပြီး...
အညိုရောင် ဆံပင်စပျော့ပျော့တွေကို
ရှုပ်ပွသွားအောင် လက်နှစ်ဖက်နဲ့ ထိုးဖွလိုက်တယ်
....အဲ့ဒီ့ သတ္တိတွေ.. ဘယ်ကရောက်လာတာပါလိမ့်
" ကိုယ်.. မင်းကို သဘောကျပါတယ်.. "
ခပ်ရှရှ အိမ်မက်ယောင်နေခဲ့သလို အသံဩဩ
တွေ နားထဲပြန်ကြားယောင်လာတော့..
တဒိတ်ဒိတ်တိုးလာတဲ့ ရင်ခုန်နှုန်းတွေက လက်လက်ဆတ်ဆတ်....မောဟိုက်လာတဲ့ ရင်အစုံကြောင့်
ရင်ဘတ်ကို လက်နှစ်ဖက်နဲ့ အတင်းဖိထား
မိတယ်... ရင်တွေအရမ်းခုန်နေတာတွေ
ရပ်လိုက်ပါတော့ ... အရမ်း.. အရမ်းကို
မောလာလို့ပါ....သူ ငုတ်တုတ်ပြန်ထိုင်လိုက်ရင်း ဒူးနှစ်ဖက်
ကိုကွေးကာဒူးတွေကြားထဲ ခေါင်းကို ထည့်ဝှက်
ထားလိုက်သည်..." ကိုယ်မင်းကို သဘောကျပါတယ်...
ဒါကြောင့် ဒီတိုင်းလေးပဲ မင်းနားမှာရှိနေပေးမယ်
မင်းလည်း ကိုယ့်အနားမှာရှိနေပေး... ဒါပေမယ့်
ကိုယ်တို့ မချစ်ဘဲနေကြရအောင်... "ဟာ... ဘာတွေလဲကွာ...
သူ အိပ်ယာပေါ်ကို ဘေးတစ်စောင်းထပ်ပြီး
လှဲချလိုက်သည်....
![](https://img.wattpad.com/cover/120779167-288-k793006.jpg)
YOU ARE READING
C•L•O•U•D
Fanfiction~Chanကို ချစ်တယ်... ~ကိုယ်တို့ မချစ်ဘဲနေကြရအောင်... အချစ်က.. တိမ်စိုင်တွေလိုပဲ ဖမ်းဆုပ်ရသိပ်ခက်တယ်...