~တိမ္~

5.1K 587 52
                                    

Unicode

...

ကိုယ့်ကို လွမ်းနေပေးမယ် မဟုတ်လား
... လွမ်းနေပေးပါ

...

ထပ်တလဲလဲ ဆိုသလို အဖန်တရာတေနေတဲ့
ပျင်းရိ ငြီးငွေ့ဖွယ် မနက်ခင်းတစ်ခုဟာ
ပုံမှန်အတိုင်း ရောက်လာပြန်သည်

သူရိန်နေမင်းကြီးကလည်း သူ့ရဲ့ ဝတ္တရားအတိုင်း
အရှေ့အရပ်ကနေ ... တဖြည်းဖြည်း
တရိပ်ရိပ်ခေါင်းပြူထွက်လာနေခဲ့သည်

မနက်ခင်းဆိုသည့် အသိနဲ့အတူ လေးလံနေတဲ့
မျက်ဝန်းတွေကို အားယူပြီးဖွင့်လိုက်ရင်း
တစ်နေ့တာကို စတင်ရပြန်သည် ...

ထူခြားဆန်းပြားပြီး ပျော်ရွှင်စရာကောင်း
နေခဲ့တဲ့ နေ့ရက်တွေ မဟုတ်ပေမယ့်
လုပ်နေကြအလုပ်တွေကို လုပ်ရင်း
ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းနေခဲ့တာ
မို့ ... ကျွန်တော် အဆင်ပြေနေခဲ့ပါသည်

ပြက္ခတိန်မှာ မှတ်သားထားတဲ့ ရက်စွဲလေး
ကို ကြည်လိုက်ပြီး ကျွန်တော်ပြုံးမိပြန်သေးသည် ...

အော် ...သုံးနှစ်တောင် ရှိသွားပြီပဲ ...
မားမရှိဘဲ ... ဘယ်သူမှ မရှိဘဲ
တစ်ယောက်တည်း အရာအားလုံးကို ကြံ့ကြံခံ
ရင်း ရပ်တည်နေခဲ့တာ ... သုံးနှစ်ဆိုတဲ့လ
အချိန်ကာလကိုတောင် ဖြတ်ကျော်မိသွားပြီပဲ

အချိန်တွေက ကုန်တာမြန်လိုက်တာ

မနက်ခင်းရဲ့ ဝေယျာဝစ္စတွေကို လုပ်ရင်း ...
ခက်ခဲလွန်းခဲ့တဲ့ အချိန်တွေကို စိတ်တွေက
ပြန်ရောက်သွားခဲ့သည် ...

ရုတ်တရက်ဆန်စွာ တစ်ယောက်ပြီး
တစ်ယောက် အနားကနေ ထွက်သွားကြတဲ့
အချိန် ...

အဲ့ဒီ့အချိန်တွေအတွင်းမှာ
ကျွန်တော် အများကြီး ခက်ခဲခဲ့သည် ..

ဘယ်လိုမျိုး ရှေ့ဆက်ပြီး ရှင်သန်ရမယ်ဆိုတာ
မသိတော့လောက်အောင် ... ဘဝတစ်ခုလုံး
အမှောင်ဖုံးသွားခဲ့ရသည် ... အခုတော့ ဒါတွေအား
လုံးဟာ .. အတိတ်သက်သက်သာ ဖြစ်သွား
ခဲ့လေပြီ ...

ဒဏ်ရာ အနာတရတွေကို လည်း အချိန်ဆိုတဲ့
အရာက ဖြေးဖြေးချင်းတိုက်စားကာ ကုသပေး
ခဲ့သည်လေ ...

C•L•O•U•D Nơi câu chuyện tồn tại. Hãy khám phá bây giờ