Episode 3

834 69 4
                                    

(Unicode)


Rest Time ~

ဒီအချိန်ဆိုရင် ကျောင်းသား ကျောင်းသူတွေအတော်များများ canteen မှာ လူစုံနေပေမယ့် စာသင်ခန်းထဲမှာ ပဲ တစ်စုံတစ်ရာကို အကြိတ်အနယ်ဆွေးနွေးနေဟန်ရှိတဲ့ ကျောင်းသူနှစ်ဦး။
အဲ့ထိကျောင်းသူနှစ်ဦးကတော့ Park Min Young နဲ့ Jessica Jung တို့ပါပဲ
သူတို့ဘေးနားက ဖြတ်သွားတဲ့ကျောင်းသူတစ်ချို့ကလည်း သူတို့နှစ်ယောက်ကိုကွက်ကျိကွက်ကျိ. . .

Min Young က သက်ပြင်းရှည်တစ်ခုကို ချလိုက်ပြီး

Min Young - နင်ကတော့ ကံကောင်းတာလား ကံဆိုးတာလားကိုမသိတော့ဘူး. . .

Prince of Charming လေးရဲ့ Coat အကျီကို ကြည့်ရင်းပြောလိုက်တယ်။

Jessica - Wae . . .??
Jessica ကတော့ သူမပြောတာကို နားမလည်ပါ၊

Min Young - အဲ့ဒီ့ Coat. . .
Jessica - ဒီ coat က ဘာဖြစ်လို့လဲ . . .
Min Young - အဲ့ဒိ coat ကြောင့် နင့်ကို အားလုံးကသတိထားမိသွားပြီလေ. . .
ဒီကကျောင်းသူတွေက လွယ်တာမဟုတ်ဘူး. . .ပြီးတော့ နင် အစကတည်းက အဲ့အဖွဲ့နဲ့ ပြဿနာမဖြစ်သင့်တာ . .
Jessica - ဘာလဲဟာ . . .ရှင်းရှင်းပြောစမ်းပါ

Min Young - ဒီလိုဟာ . . . စောစောက နင်နဲ့ပြဿနာ ဖြစ်ခဲ့တဲ့ အဖွဲ့ကိုမှတ်မိတယ်မလား။ သူတို့က ကျောင်းရဲ့ King တွေဆိုလည်းမမှားဘူး. . .

Min Young ရဲ့ စကားအဆုံးမှာ Jessica တစ်ယောက် ဟက်ဟက်ပက်ပက်ရယ်လိုက်မိတယ်။

Jessica - အဲ့အဖွဲ့လား. . . စုတ်ပြတ်သတ်နေတဲ့ ဒေါသကုမ္မာရတစ်ကောင်ရယ်၊ ပြောင်တီပြောင်စပ်နဲ့
နှာဘူးတစ်ကောင်ရယ်၊
ဘယ်ကတည်းကငတ်ပြတ်နေလဲမသိတဲ့ အငတ်လောရှည် တစ်ကောင်ရယ် ၊ ပြီးတော့ ဖြူစပ်စပ်နဲ့ Vampire လိုလို အချေဆိုဒ်နဲ့ ဂျပုတစ်ကောင်ရယ် . . . ပြီးတော့ ပုပုလေးနဲ့
ကောင်မလေးတစ်ယောက်ရယ် . . . နောက်ဆုံးတစ်ယောက်ကတော့ မဆိုးရှာပါဘူး

Im Yoong အကြောင်းကိုတွေးမိတော့ သူမ မျက်နှာက ပြုံးယောင်သမ်းသွားတယ်။

အဲ့ဒါကို မြင်တဲ့ Min Young က

Min Young - သတိလည်းထားဦးနော် ...
Jessica - bor . . . ငါက ဘာဖြစ်နေလို့လဲ . . .
Min Young - ကဲပါ ထားပါလေ. . . သူတို့အဖွဲ့က ကျောင်းမှာ နာမည်အကြီးဆုံး နဲ့ အာဏာ အရှိဆုံးအဖွဲ့ဟ။ ပြီးတော့ တစ်ယောက်ဆီမှာ ရှောခ်တစ်ခုစီရှိကြတယ်. . .
Jessica - ရှောခ့် ?? . . . ဘာရှော့ခ်လဲ. . .

Love Story 💖 (Story Of Nine)Where stories live. Discover now