Episode 4

862 74 5
                                    

(Unicode)



Library . . .

တိတ်ဆိတ်ငြိမ်သက်မှုရဲ့ ပြယုတ်နေရာတစ်ခု.  .  . စာပေလေ့လာလိုက်စားသူတွေနဲ့ တိတ်ဆိတ်ငြိမ်သက်မှုကို နှစ်ခြိုက်တဲ့သူတွေအတွက် နိဗ္ဗာန်ဘုံလေး တစ်ခုပေါ့. . .

စာကြည့်တိုက်ရဲ့ ထောင့်ကျကျနေရာက စားပွဲမှာ ထိုင်နေတဲ့ စုံတွဲတစ်တွဲ . . .

Boyoung - Yoong Oppa ဘာလို့ library မှာတွေ့ချင်ရတာလဲ

ချွဲပစ်နေတဲ့အသံနဲ့ ကောင်လေးရဲ့လက်မောင်းပေါ်ကိုမှီရင်းပြောလိုက်တော့
Im Yoong ဆိုတဲ့ကောင်လေးက လက်ကို ရုန်းလိုက်တယ်။ အပြုံးမပျက်ပဲ ထိုကောင်မလေးကိုကြည့်လိုက်ပြီး

Im Yoong - Boyoung ah . . .Oppa အကြောင်းကိုသိတယ်မဟုတ်လား. . . အဲ့ဒိတော့
Oppa တို့ အေးအေးဆေးဆေးပဲ လမ်းခွဲကြတာပေါ့. . .

ဟုတ်တယ်လေ။ ဒိကောင်မလေးက သူကို အတင်းလိုက်တွယ်ကပ်နေတာ ၃ ရက်လောက်ရှိပြီလေ။
သူ့အနေနဲ့ ဒီသုံးရက်အတွင်းမှာ တော်တော်စိတ်ပျက်နေပြီလေ။

Boyoung - Oppa . . . ဟင့်အင်း  . . . လုံးဝလမ်းခွဲမပေးနိုင်ဘူး. . . Oppa မကြိုက်တာ ဘာရှိလို့လဲဟင်  . . . Chaw ပြင်ပေးမယ်လေ. . .Oppa

Yoong - ပထမဆုံး. . .  အဲ့ဒိချွဲပစ်နေတဲ့အသံကြီးနဲ့မပြောနဲ့

Boyoung - Oppa ပဲ အရင်က အဲ့အသံလေးက နားထောင်ကောင်းတယ်ဆို . . .

Yoong - တော်စမ်းပါကွာ . . .အရင်ကအရင် . . အခုကအခု .. . ပြီးတော့ မကြိုက်တာကတော့အကုန်ပဲကွာ ။ အဲ့တော့ပြင်နေလဲ ဘာမှထူးလာမှာမဟုတ်ဘူး. . . အဲ့တော့ ဒီဘ၀ ဒီမျှပဲပေါ့ကွာ . . .

Boyoung - Oppa . . .

သူမအသံကအနည်းငယ်ကျယ်သွားတော့ စာကြည့်တိုက်မှုးရောက်လာပြီး

Librarian - ဒါစာကြည့်တိုက်ပါ . . တိတ်တိတ်ဆိတ်ဆိတ်နေပေးပါ . . . ပန်းခြံမဟုတ်သလို ဇရပ်လဲမဟုတ်ပါဘူး. . . ဆူဆူညံညံတွေလုပ်နေမယ်ဆိုရင် အပြင်ကိုထွက်ပေးပါ။

Im Yoong ကတော့ သူမဟုတ်တဲ့အတိုင်း မသိလိုက်မသိသလိုပဲနေလိုက်တယ်။
စာကြည့်တိုက်မှူးထွက်သွားတော့မှ

Yoong - တိုးတိုးနေလေကွာ . . ဒါစာကြည့်တိုက် . . လူတွေအာရုံစိုက်မိအောင်တမင်လုပ်နေတာလား။ သူများတွေကိုဘယ်လောက်အားနာဖို့ကောင်းလဲ. . .

Love Story 💖 (Story Of Nine)Donde viven las historias. Descúbrelo ahora