Episode 14

1.1K 105 149
                                    

(Unicode)

ခါတိုင်းဆိုလျှင် နေဖက်ထိုးမှထတတ်တဲ့ Kwon Yul တစ်ယောက် ဒီနေ့တော့ ဝိရိယကောင်းစွာနဲ့ နေမထွက်ခင်ကပင် အိပ်ယာကထနေပြီးဖြစ်သည်။
တကိုယ်ရေသန့်ရှင်းရေးလုပ်ပြီး အခန်းထဲကမထွက်ခင် နာရီကိုတစ်ချက်ကြည့်မိတော့ ၅ နာရီခွဲ ...

လေလေးတချွန်ချွန်နဲ့ အောက်ထပ်ကိုဆင်းလာပြီး စာဖတ်ခန်းဆီကိုဦးတည်လိုက်သည်။
ဒီအချိန်က သူမရဲ့ study time လေ။
အခန်းရှေ့ရောက်တော့ တံခါးလေးကိုအသာဟပြီး ချောင်းကြည့်လိုက်တော့ သူ့ရဲ့ Angel လေးက စားပွဲမှာအကျအနထိုင်ရင်း သူမဒီနေ့ presentation လုပ်ရမယ့် စာရွက်တွေကိုပြန်ဖတ်နေသည်။
တစ်ချက်တစ်ချက် စာရွက်လေးကိုကြည့်လိုက် သူမဘာသာ တစ်ယောက်တည်း သူမ presentation လုပ်ရမယ့်အပိုင်းကို လေ့ကျင့်လိုက်နဲ့ ... တစ်ခါတစ်ခါ စိတ်တိုင်းမကျတဲ့အခါ ပါးလေးနှစ်ဖက်ကိုဖောင်းပြီး နှုတ်ခမ်းလေးစူနေတဲ့အချိန်ဆို သိပ်ချစ်ဖို့ကောင်းသည်။
ချစ်ဖို့ကောင်းလွန်းလို့ Yul ခမျာ သူမရဲ့ဖောင်းနေတဲ့ ပါးလေးတွေကို သွားလိမ်ဆွဲချင်တဲ့စိတ် ကိုမနည်းထိန်းချုပ်နေရသည်။

(Yul ~ arigoo ... ဒိကလေးမနဲ့တော့ ...
ဘာဖြစ်လို့ဒီလောက်တောင်ချစ်ဖို့ကောင်းရတာလဲ။
တစ်နေ့တစ်နေ့ သူလေးကြောင့်ပဲ ငါတော့သေတော့မှာ ... 😍😍)

Yul တစ်ယောက် ဆက်ပြီးကြည့်နေရင် သိပ်ချစ်ဖို့ကောင်းနေတဲ့သူမကို ဖျစ်ညှစ်ပစ်မိတော့မှာမို့ အခန်းတံခါးဝက အမြန်ခွာလာခဲ့ရသည်။

အခန်းတံခါးဝကနေ ခွာလာပြီးတော့ Yul ဦးတည်လိုက်တဲ့နေရာက မီးဖိုခန်း ...
သူမအတွက် breakfast ပြင်ဆင်ပေးဖို့
Refrigerator ထဲကို လျှောက်ရှာကြည့်တော့ Goguma Flour ထုပ်တွေ တွေ့တာနဲ့ သူမသိပ်ကြိုက်တဲ့ Goguma Cake လေးပဲလုပ်ဖို့ဆုံးဖြတ်လိုက်သည်။

ဘယ်တုန်းကမှမီးဖိုချောင်ဆို ယောင်လို့တောင်ဝင်မကြည့်ဖူးတဲ့ Fighter Kwon တစ်ယောက် အခုတော့ ပန်းရောင် Apron ကြီးဝတ်ပြီး သီချင်းလေးတအေးအေးနဲ့ ကိတ်မုန့်ဖုတ်နေလေရဲ့ ...
ကိတ်မုန့်ကို oven ထဲမှထည့်ထားတုန်း တစ်လက်စတည်း မတော်ရသေးတဲ့ ယောက်ဖလောင်းကြီးစားဖို့ Bacon and Egg ကိုပါ စိတ်တ်ရှည်လက်ရှည်နဲ့ပြင်ပေးနေသေးတာ။
တစ်ယောက်တည်း မီးဖိုခန်းမှာအလုပ်ရှုပ်နေတုန်း

Love Story 💖 (Story Of Nine)Tempat cerita menjadi hidup. Temukan sekarang