Episode 1

1.1K 74 2
                                    

(Unicode)

Seoul International Private School

South Korea ရဲ့ နာမည်အကြီးဆုံးကျောင်းတွေထဲက တစ်ကျောင်း။
Private School ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ အညီ ကျောင်းမှာ လာတက်တဲ့သူမှန်သမျှဟာလည်း မိသားစုနောက်ခံ တောင့်တင်းတဲ့သူများသာ။
Scholarship ကြောင့် SNPS ကိုရောက်လာတဲ့သူတွေရှိပေမယ့် အနည်းငယ်လောက်သာ။ ပကာသန တွေ ယှဉ်ပြိုင်မှုပြင်းထန်တဲ့ ကျောင်းတစ်ကျောင်းဆိုလဲမမှား ။

စာသင်နှစ်တစ်ခုရဲ့ အစဖွင့်ရက်ဖြစ်တာကြောင့် ကျောင်းဝန်းထဲမှာ ကားကိုယ်စီနဲ့လာကြတဲ့ကျောင်းသားတွေက ဒုနဲ့ဒေး။ တစ်ချို့ကလည်း motobike တွေနဲ့တက်တဲ့သူလည်းရှိကြသည်။

ကျောင်းရဲ့ ကန်တင်းကိုသွားတဲ့လမ်းမှာကျောင်းသူတွေ စုစုရုံးရုံးနဲ့ တိုးကြိတ်နေကြတယ်။
သူတို့အားလုံးရဲ့ အာရုံကတော့ ကန်တင်းက စားပွဲတစ်လုံးမှာ ထိုင်နေတဲ့ လူလေးယောက် ကိုသာ။

Girl 1: omo Sooyoung Oppa ကိုကြည့်ပါဦး။ စားနေတာလေးက ကိုက ချောနေတာ။
Girl 2 : ကိုယ်တွေကတော့ Maknae လေးပဲ။ ကြည့်ပါဦး ဘာမှမလုပ်ဖဲနဲ့ကို Handsome ဖြစ်နေတဲ့ Yoong လေး
Girls : Hyo Oppa ကမှ ပိုတောင် Smart ကျသေး။

ထိုလေးယောက်ကတော့ ဘာမှမဖြစ်သလိုပဲ ပေါ့ပေါ့ပါးပါး ရယ်မောစကားပြောနေကြသည်။ ဒီလိုကိစ္စတွေက သူတို့အတွက်ရိုးနေပြီလေ။
ထိုလေးယောက်ထဲက ကောင်လေးနှစ်ယောက်ကတော့          သူတို့ကို ငေးကြည့်နေတဲ့ ကျောင်းသူတွေရှိရာကို လက်တွေလှမ်းပြလိုက်တော့ မလှမ်းမကမ်းက ကောင်မလေး အုပ်စုရဲ့ အသံက ပိုပြီးကြွတ်ကြွတ်ညံသွားသည်။

Girl 2 : omo Yoong လေးက ငါ့ကိုလက်ပြတယ်တော့ . .
Girl 3 : Hyo Oppa က ငါ့ကိုနှုတ်ဆက်တာနေမှာ ☺☺
Girl 4 : ဆုတောင်းလေ . . . ပူဖောင်းအကြီးကြီးရမယ်။ ငါ့ကို လက်ပြတာပါနော်
Girl 5 : ဘယ်လိုဟာတွေလဲ . . .😒😒 ငါ့ကိုနှုတ်ဆက်နေတာ

ဆူဆူညံညံအသံတွေကြောင့် နားကြားပြင်းကပ်လာပုံရတဲ့ ထိုလေးယောက်ထဲမှ ပုသေးသေးနဲ့ တစ်ဦးတည်းသော ကောင်မလေးက
Sun : နင်တို့တွေ ကျောင်းစဖွင့်တဲ့နေ့မှာတော့ အေးအေးဆေးဆေးလေးနေကြပါလား

Sunny ရဲ့စကားကြောင့် ခုနက လက်ပြနေတဲ့နှစ်ယောက် ပုသေးသေးကောင်မလေး ဆီသို့ သူတို့ရဲ့ အာရုံတွေကိုပြန်ပို့လိုက်ကြသည်။

Love Story 💖 (Story Of Nine)Onde histórias criam vida. Descubra agora