Episode 12

835 80 13
                                    

(Unicode)

Rooftop ~

ကျောင်းတက်ချိန်ဖြစ်တာကြောင့် ကျောင်းသား/သူ အသီးသီးက စာသင်ခန်းကိုယ်စီမှာ အတန်းတက်နေတဲ့အချိန်
တစ်ယောက်သောသူကတော့ ကျောင်းခေါင်မိုးထပ်လာပြီး စိတ်အေးလက်အေး အိပ်နေလေရဲ့။
ထိုသူကတော့ Kwon Yul ~

Yul တစ်ယောက် မနက်က Jessica Jung ဆိုတဲ့ကောင်မလေးနဲ့ စကားများပြီး ကန်တင်းက ထွက်လာကတည်းက ခေါင်မိုးထပ်မှာလာအိပ်နေခဲ့တာ။
ပုံမှန်အတိုင်းဆို Jessica Jung ဆိုတဲ့ကလေးမဆီမှာ မပေါက်ကွဲလိုက်ရတဲ့ဒေါသတွေကို တစ်ခြားတစ်နေရာရာမှာ သွားပေါက်ကွဲပစ်လိုက်မိမှာဆိုပေမယ့် အခုတလော Yul တစ်ယောက် သူ့အကြောင်းနဲ့သူမို့ သူ့ကိုယ်သူသတိပေးရင်း ဒေါသကိုထိန်းနေလေရဲ့။

Yul တစ်ယောက် မျက်စိမှိတ်ထားရာက ရုတ်တရက်ပွင့်လာပြီး သူ့ရဲ့ဖုန်းကိုထုတ်ကြည့်လိုက်တယ်။

" 23.12.17 "

Yul - သိပ်မလိုတော့ဘူးပဲ ...

Calander ထဲက ❤ သင်္ကေတလေးနဲ့ ရက်စွဲလေးကိုကြည့်ရင်း ရေရွှတ်လိုက်သည်။

ခုရက်ပိုင်းအတွင်း Yul တစ်ယောက် သူ့ကိုယ်သူအတတ်နိုင်ဆုံး ထိန်းပြီး ရန်ပွဲတွေမှာမပါမိအောင်တောင် ရှောင်နေသည်။

Camera app ကို ဝင်လိုက်ပြီး အခုတလော ဒဏ်ရာဒဏ်ချက်တွေကင်းနေတဲ့ သူ့ရဲ့ခန့်ညားလှတဲ့မျက်နှာချောကြီးကိုကြည့်လိုက်ရင်း

Yul - Kwon Yul .. စိတ်ထိန်း
အခုတလော မင်းဒဏ်ရာရလို့မဖြစ်ဘူး။
ရန်ဖြစ်လို့မရဘူး။
မင်းစောင့်နိုင်ပါတယ်။ တစ်နှစ်လုံးတောင်စောင့်နိုင်သေးတာပဲ။
ဒီ နှစ်ရက်လေးပဲ။ ဒီနှစ်ရက်လေးပဲလိုတော့တာ။
ဟာ... မသိတော့ဘူးကွာ။
အချိန်တွေမြန်မြန်ကုန်ပါတော့။

နှစ်တိုင်းနှစ်တိုင်း နှစ်တစ်နှစ်မှာ Kwon Yul စိတ်ကောင်းဝင်ပြီး ဘာပြဿနာမှမရှာတဲ့အချိန်ဆိုလို့ Christmas မရောက်ခင် ရက်ပိုင်းလောက်သာရှိသည်။
ဒါကလည်း သူ့အကြောင်းနဲ့သူ။

Gallery ကို ဖွင့်လိုက်ပြီး My Christmas Angel ဆိုတဲ့ Album လေးကိုဖွင့်လိုက်သည်။
Album ထဲက ပုံလေးတွေကိုတစ်ပုံချင်းစီကြည့်နေရင်းက Yul ရဲ့ မျက်နှာမှာအပြုံးတို့ကတွဲလဲခိုလာသည်။

Love Story 💖 (Story Of Nine)Where stories live. Discover now