Episode 13

938 90 47
                                    

(Unicode)


Jelly Beam ... Ice Cream Shop ...

ဆိုင်ရဲ့ရှေ့မျက်နှာစာဘက်နားက စားပွဲမှာ ရေခဲမုန့်ကိုယ်စီထိုင်စားနေကြတဲ့ ကောင်လေးနှစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်...
ကောင်လေးတစ်ယောက်နဲ့ကောင်မလေးတစ်ယောက်ကတော့ တစ်ယောက်နဲ့တစ်ယောက် စနောက်ကျီစယ်ရင်း ပတ်ဝန်းကျင်တစ်ခုလုံးကိုမေ့နေသလားထင်ရအောင် ပျော်မြူးနေကြသလောက် မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ကောင်လေးကတော့ သူ့ရှေ့က ကလူကျီစယ် အကဲပိုနေကြတဲ့နှစ်ယောက်ကို စိတ်ပျက်လက်ပျက်နဲ့ကြည့်နေရရှာသည်။
ထိုကောင်လေးရဲ့အတွေးထဲမှာတော့ ...

( " စတုပစ် ... ဆိုးစတုစ် 😖😖😖
Arish .... ငါ ဘာဖြစ်လို့များ ဒီနေရာကို လိုက်လာမိပါလိမ့် .... )

[Flashback ~

တက်ကြွတဲ့ ကြက်ဖ Im Yoong နဲ့ လဒမှိုင်းမိနေတဲ့ Soo တို့ထွက်သွားပြီးတဲ့နောက်မှာတော့ Kim Hyoyeon တစ်ယောက် ဘာကိုမှနားမလည်နိုင်စွာကျန်ခဲ့သည်။

(Hyo ~ ဟင် .... ဒီကောင်တွေ ဘာတွေဖြစ်နေကြတာပါလိမ့် ...
Club ကိုတစ်ယောက်တည်းသွားရမှာ
ပျင်းလို့သူတို့ကိုအဖော်ခေါ်ပါတယ်ဆို ....
အခုတော့ ငါတစ်ယောက်တည်းကျန်ခဲ့ပြီ။
လဒတွေ ... )

စိတ်ပျက်လက်ပျက်နဲ့ တစ်ယောက်တည်း car park ဆီကိုလျောက်လာတဲ့ Hyo ...

Hyo - ပျင်းလိုက်တာ ... အိမ်လည်းမပြန်ချင်သေးဘူး ...
ဘယ်သွားရင်ကောင်းမလဲ ...

Hyoyeon တစ်ယောက် စဉ်းစားခန်းဖွင့်နေတုန်းမှာပဲ သူ့ရဲ့မြင်ကွင်းထဲကိုဝင်လာတဲ့လူနှစ်ယောက်။
ထိုနှစ်ယောက်ကိုမြင်တော့ ဝမ်းသာအားရ လက်ပြဝှေ့ရမ်းနှုတ်ဆက်လိုက်မိသူက Hyo ...
အဲ့ဒိနှစ်ယောက်ကတော့ သူကိုမြင်ပုံမရ။
ကောင်လေးက ကောင်မလေးကို ဘာတွေအပူကပ်နေလည်းမသိ ။
ဘဲဖင်လေးလို နှုတ်ခမ်းလေးတထော်ထော်နဲ့ ဘာတွေမှန်းမသိ တတွတ်တွတ်ပြောနေသည်။
ထိုကောင်လေးရဲ့ မျက်လုံးကလည်း ရှေ့တည့်တည့်မှာမရှိ။
သူ့ရဲ့ဘေးကကောင်မလေးဆီမှာ အကြည့်ကမခွာ။

သူတို့ရှေ့တည့်တည့်မှာ ပြူးပြူးကြီးရပ်နေတာတောင် သူ့ကိုကျော်ပြီး သွားကြတယ်ဆိုတော့ စဉ်းစားသာကြည့်တော့။

Love Story 💖 (Story Of Nine)Donde viven las historias. Descúbrelo ahora