လရောင်သဲ့သဲ့အောက်တွင် ပြတင်းတံခါးပေါ်တက်ထိုင်နေသည့်သူက
အခန်းတွင်းပြန်လှည့်ကာ
လွှားကနဲ ခုန်ဆင်းလာသည်က Death Note ထဲက L လို ခါးက ခပ်ကိုင်းကိုင်းလက်ဖျားတွေထိ ဖုံးအုပ်နေသည့် ဆွယ်တာရှည်က
လည်းပင်းရိုးတွေပေါ်သည် အထိ ကျယ်နေ၏သွယ်ရှည်သော လက်ဖျားတွေက Laptop ပေါ်တဖြတ်ဖြတ်ပြေးနေသော်ငြား
မျက်နှာထားကတော့ စိတ်မပါ လက်မပါခဏကြာတော့ shutdown ဆိုတဲ့ စာတန်းလေးကို mouse နဲ့ click ပေးကာ
ဖြူဖျော့ဖျော့လက်တွေကို တဖျောက်ဖျောက်မြည်အောင် အဆစ်ချိုးရင်း
လိုက်ကာစများ တစ်ဖက်တစ်ချက်စီစုနေသော မှန်ချပ်များ ကာရံထားရာ ဝရံတာဘက်ကို လျှောက်သွားလေ၏ထို့နောက် လိုက်ကာစလေးတေ တစ်ဖျပ်ဖျပ်လွင့်သွားရင်း
သူသည်လဲ အဖြူအရိပ်ကလေးအလား ပျောက်ကွယ်သွားသည်# # #
'သခင်လေး မနက်စာ အဆင်သင့်ဖြစ်နေပါပြီ'
ဒါဟာ သွယ်ဝိုက်သောနည်းဖြင့် သူ့ကို အိပ်ယာနိုးစေခြင်းသာ
သူ့ကို ထိုအိမ်တွင် ဘယ်သူမှ အိပ်ယာလာမနိုးရဲ
တစ်ယောက်သောသူမှလွဲ၍သူ လှေကားလက်ရန်းအချိုးကွေ့တွေမှ တလွှားလွှားခုန်ဆင်းလာတော့ အားလုံးက စိုးရိမ်တကြီးကြည့်နေသလို
*အဟက်*Chen : 'Morning hyung'
တစ်အိမ်လုံးတွင် ကျွန်တော် အဖတ်လုပ် စကားပြောသူမှာ Junmyeong hyung တစ်ယောက်တည်း
Jun : ' Morning chennie ညက အဆင်ပြေပြေ အဆုံးသတ်ရဲ့လား'
Chen : 'nae hyung'
'သားငယ်'
Appa ဆီမှခေါ်သံChen : 'Chen ပါ ! '
အသံက ခပ်ပြတ်ပြတ်
Appa : 'inn. . . Chen . . . Appa ပြောမယ် သား ကျောင်းဆက်တက်ဖို့ စိတ်ကူးမရှိဘူးလား'
Chen : 'မရှိဘူး '
Jun : 'Chennie ah. . .'
Chen : 'စားရတာမကောင်းဘူး hyung ကျွန်တော်ထနှင့်တော့မယ် '
ရေခဲတုံး ခပ်လတ်လတ်လေးတွေ ထည့်ထားသည့် ပြာလဲ့လဲ့ ခွက်ထဲက ပန်းသီးနီနီ တစ်လုံးကိုကိုက်ကာ နီးစပ်ရာ ပြတင်းတံခါးမှ ခြံတွင်းသို့ ဆင်းသွားသည်မှာ ဖိနပ်မပါ