Chennie တစ်ယောက် တခစ်ခစ်ရယ်သံအုပ်အုပ်လေးနဲ့အတူ ခြေလေးဖွကာ လှေကားထစ်လေးတွေမှ ဆင်းလာသည်ကို Yixing မြင်တော့
Xing : 'ဘာတွေ သဘောကျနေတာတုန်း Chennie ရဲ့'
Chen : 'Yifan hyung ကလေ Myeonnie hyung ကို ဖက်ပြီး အိပ်နေကြတယ် ခစ်ခစ် '
Xing : 'borrr. . . yrrr. . . အာ့က ရယ်စရာပါလား. . . '
Xing တကယ် ရင်ထိတ်သွားရသည်
hyung က Jun ကိုများ ???
Xing အတွေးများဖြင့် ပူလောင်လာရင်း အပေါ်တက်မယ်လုပ်တော့ Chennie က လှမ်းဆွဲကာChen : 'ဘာလို့လဲ hyung ကလည်း . . . သွားမနိုးပါနဲ့ . . . အိပ်ပါစေ . . . hyung က သွားကြည့်မို့လား . . သူတို့နှစ်ယောက် အလိုအိပ်နေတာ ချစ်စရာလေး ခိခိ'
Chen တကယ့်ကို သဘောတကျပြောနေကာ တခိခိရယ်နေတော့သည်
Xing ရင်ထဲမှာ ပူလောင်လွန်း၍ ခေါင်းတစ်ခုလုံးပင် ထူပူလာသလို
Xing : 'hyung ပြန်တော့မယ် Chennie . . . Yifan hyung ကို နိုးလာမှပဲ ပြန်လွှတ်လိုက်တော့ '
Xing ဒ်ီနေရာမှာ ဆက်မနေချင်တော့
Chennie ရဲ့ hyung ဟူသော ခေါ်သံကိုကြားသော်လည်း ခပ်သွက်သွက် လှမ်းကာထွက်လာခဲ့လိုက်သည်* Ashiiii ဒီခံစားချက်ကြီးက ဘယ်လိုကြီးလည်းကွာ . . . Arrrrr ငါ ဘာဖြစ်နေတာလဲ ဘာတွေကို ခံစားနေရတာလဲ . . .
hyung နဲ့ Jun နဲ့ ဆိုလည်း ဘာဖြစ်လည်း hyung က ရည်းစားတွေ ဘာတွေလည်းမရှိပါဘူး . . .
Jun ကလည်း hyung ကို သံယောဇဉ်ရှိပြီးသားပဲဟာ. . .
Jun က ငါ့သူငယ်ချင်း မို့လို့လား . . . သူရည်းစားထားမှာမကြိုက်တာလား. . .
အာ သူ့ရည်းစားဆိုပေမယ့်လည်း ငါ့အစ်ကိုပဲဟာ . . .
Hrrrr . . . ဘာလဲကွာ ရင်ထဲကနာလိုက်တာ
ဘာလို ရင်ဘတ်ထဲက နာနေရတာတုန်း . . .
Hmmm? ငါ . . . ငါ . . . Jun ကိုများ ???
Arrrrrrrrrrr mola mola . . . . *Xing အတွေးများဖြင့် ခေါင်းငြိမ့်လိုက် ခေါင်းခါလိုက်ဖြစ်နေရင်း
နောက်ဆုံး အိပ်ယာပေါ်မှောက်ချကာ ခေါင်းအုံးကို မျက်နှာအပ်ရင်း အသံကုန်အော်ချလိုက်မိသည်# # #
Xing ဒီမနက် အစောကြီးနိုးနေသည်
စားပွဲခုံလေးပေါ် လှမ်းကြည့်တော့ ရှင်းလင်းနေသည်စိတ်ထဲ တစ်မျိုးတစ်မည် ဖြစ်လာသော်လည်း ဝရံတာဘက်ထွက်လာလိုက်သည်