ခြံထဲတွင် Yifan မျက်ဝန်းများ မှိတ်ကာ ငြိမ်သက်နေ၍
Xing : 'hyung . . နေမကောင်းဘူးလား '
မျက်ဝန်းများပွင့်လာသည်တွင် Xing အမြင်မမှားပါက အရည်ကြည်တို့လဲ့နေလေသည်
Fan : 'arnyi . . ကောင်းပါတယ် . . . လေညင်းခံနေတာပါ '
Xing သက်ပြင်းအသာချ မိသည်
Yifan ဘာဖြစ်နေလဲ Xing သိပါသည်နှင်းဆီဖြူတွေ ရောက်မလာတာ ရက်သတ္တပတ် ပြည့်လုပြီ
Xing ရင်ထဲတွင် ဝေဒနာ တစ်ခုခုက အတိကျ ခံစားနေရပါပြီ
Xing ထက် hyung က ပို စိုးရိမ်နေသည်ကိုလည်း နားလည်ပါသည်
Xing : 'hyung . . . '
Fan : 'inn. . . '
မျက်ဝန်းများမှိတ်ထားရင်းမှ ပြန်ဖြေသည်
Xing : 'myeonnie ကို သတိမရဘူးလား '
မျက်တောင် တစ်ချက်ခတ်ကာ ကြည့်လာသော hyung ၏ မျက်ဝန်းများကို မလွတ်တမ်းဖတ်မိသည်
စူးရှသောမျက်ဝန်းတို့တွင် နာကျင်ခြင်းက အထင်းသား
Fan : 'ဘာလို့မေးတာလဲ Xing . . . '
Xing ခေါင်းကို ငုံ့ချလိုက်မိသည်
Xing : 'ဒီတိုင်းသိချင်လို့ . . . '
ဘာစကားတစ်ခွန်းမှ မပြောပဲ ထထွက်သွားသော Yifan အား Xing လိုက်မကြည့်ဖြစ်
ခြေသံကိုသာ နားစိုက်ထောင်နေမိသည်
Fan : 'နှင်းဆီဖြူတွေ လိုချင်နေတယ်မလား Xing . . . '
Yifan တစ်ကိုယ်တည်း ခပ်တိုးတိုး ပြောမိသည်
*myeonnie ကို သတိမရဘူးလား တဲ့
လွမ်းတာပါ . . . ရူးမတတ်လွမ်းရတာပါ Xing ရယ်
Jun လို့မခေါ်ရတာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ
ကလေးလို့ သုံးနှုန်းခွင့်မရှိတော့တာ ဘယ်လောက်နာ
ကျင်ရပါသလဲ *# # #
Chen : 'Yifan hyung . . . '
ပြုံးစိစိနဲ့ ခပ်မြူးမြူးခေါ်လာတာမို့ အသည်းယားစွာ ဆံပင်တွေ ထိုးဖွပစ်ရင်
Fan : 'wae yo . . chennie '
တဟက်ဟက်ရယ်ကာ
Chen : 'Yifan hyung . . . myeonnie hyung ကို သဘောကျနေတယ်မလား ခိခိ '