Devotion - 4

525 57 4
                                    

ပါးနနုလေးတွေက ပန်းရောင်ရင့်နေကာ နှုတ်ခမ်းပါးလေးတွေ နီဆွေးနေပြီ မျက်ဝန်းမှ မျက်ရည်ပူများဝေ့နေသည့်တိုင် ကျောင်းသွားမယ် တကဲကဲ လုပ်နေသော ယုန်ပေါက်မှာ တစ်ကိုယ်လုံးပူကျစ်ကာ နေသည်

ဘယ်လိုပြောပြော မရ ခေါင်းမာနေသောကြောင့် Xing စိတ်မရှည်တော့
ခြံထဲတွင် ကျောင်းဝတ်စုံ နှင့်ပင် ဘောလုံးကန်နေသော Chennie နှင့် Yifan အား လှမ်းခေါ်ရတော့သည်

Xing : 'hyung လာပြောဦး ဒီလောက်ဖျားနေတာကို မရမက ကျောင်းသွားမယ်ဆိုတာချည်းပဲ Jun က ခေါင်းမာတယ် အရမ်းပဲ'

Fan : 'ဟုတ်လား Jun . . . အာ . . ကိုယ်အတော်ပူနေတာပဲ . . . အိမ်မာပဲ နားလိုက် နော် . . . '
Yifan နဖူးကို စမ်းရင်းပြောတော့ ယုန်ပေါက်က

Jun : 'အာ . . . hyung ကလည်း Jun က ကိုယ်ပဲပူနေတာပါ ဘာမှ မဖြစ်ဘူးလေ . . . ကျောင်းသွားလို့ရပါတယ် . . . '

ကိုယ်ပဲပူနေတာက ဘာမှ မဖြစ်ဘူးဆိုတော့ကာ . . .

ဒီကောင်လေးဟာ ခုထိ ကလေးဆန်တုန်း
အထက်တန်းကျောင်းသားပင် ဖြစ်နေပြီဆိုသော်လည်း အရပ်ကလည်း သိပ်မတက် သိပ်လည်းမထွားလာတာမို့ ကလေးလိုပင် ဖြစ်နေလေသည်

ခုဆို အလယ်တန်း ရောက်နေသော chennie ကပင် မှီလုမှီခင် ဖြစ်နေတော့သည်

Fan : 'myoennie ကကွာ ပြောရခက်လိုက်တာ ကိုယ်ပူနေတာက ဘာမှမဖြစ်ဘူးလား ဟလား . . .
လူက ပျော့တိပျော့ဖတ်နဲ့ကို . . . နေမြင့်လာတာနဲ့ခေါင်းပါနောက်လာတော့မှာ . . . ကျောင်းကိုဘာကိစ္စ အလောက်သွားချင်နေရတာတုန်း '

Yifan လေသံ ခပ်မာမာ နှင့်ပြောလိုက်တော့

Jun : 'hyung ! . . .Jun ကို မအော်ပါနဲ့ . . . Jun ကျောင်းသွားမယ် ဆိုတာ . . . ဟင့် . . အိမ်မှာ တစ်ယောက်တည်းမှမနေချင်တာ . . sob . . sob. . . '

ဝေ့နေသော မျက်ရည်ပူတွေက ဒရဟော စီးကျလာကာ တဟင့်ဟင့် ရှိုက်ရင်း ပြန်ပြောလာတော့ Yifan တကယ်ပင် စိတ်မကောင်းဖြစ်သွားရသည်

ဘေးမှာ ဘောလုံးပိုက်ကာ ငြိမ်နေသော Chennie ကပါ

Chen : 'hyung မငိုပါနဲ့ ဟင့် . . . Yifan hyung . . myeonnie hyung ကို မအော်ပါနဲ့နော် . . . sob . . sob. . . hyung နဲ့ တူတူ chennie နေပေးမယ်နော် . . . မငိုပါနဲ့နော် . hyung . . Eeeee. . .'

Devotion { Complete }Where stories live. Discover now