Devotion - Extra 2

332 49 7
                                    

အလယ်တန်းကျောင်းသားမို့ ကျူရှင်တွေဘာတွေတက်ရသော Lay က
ဟို နှစ်ကောင်ထက် အိမ်ပြန်နောက်ကျလေ့ရှိသည် . .

ကျောင်းက ပြန်ရောက်တာနဲ့
လွယ်အိတ်ကို ဖုတ်ခနဲ ပစ်ချပြီး
Dae လေး အခန်းကို အပြေးဝင်သွားသော သားကိုကြည့်ပြီး
Kim ဇနီးမောင်နှံက တစ်ပြုံးပြုံး . . .

ခြေလေးနှစ်ချောင်းဆင်းကာ ထိုင်နေပြီး
ဒိုင်နိုဆောရုပ်လေးကို သွားဖုံးလေးတွေနဲ့ ဖိကြိတ်ကိုက်နေသော အကောင်ပေါက်စ
မေးစေ့လေးမှာရော အရုပ်လေးမှာပါ
သရေတွေ ရွှဲနေရော . . .

'အိ နမ်းဖို့ကိုကွာ ညစ်ပတ်နေလိုက်တာ . . .
ညစ်ပတ်အိုးလေး . . အဆိုးလေး . . ပေတူးလေး . . '

ရင်ဘတ်က သရေခံလေးနဲ့ ဆွဲသုတ်ပေးရင်း
အရုပ်လေးကို ဆွဲယူလိုက်တော့
နှုတ်ခမ်းလေးထော်ကာ ပြူးကြည့်သည် . . .

Lay အသည်းတယားယား နဲ့ ပါးကို အတင်းဖိကပ်နမ်းပစ်တော့
တအီးအီးအော် ရှာသည် . . .

'ဖန်ဖန် . . '

Dae လေး မပီတပီ တစ်ချက်ချက် ခေါ်တတ်သည်မှာ
ထိုစကားပင် . .

Kris ကို ခေါ်ခြင်းသာ . . .

ဘယ်သူကမှ စကားသင်ခြင်းမရှိသော်လည်း
မပီကလာ နဲ့ Kris ကိုသာ စူးစိုက်ကြည့်ရင်း
*ဖန်ဖန်* ဟုခေါ်၍ အားလုံးအထူးအဆန်းဖြစ်ရသည်

နောက်ပိုင်း
Suho က သူ့ကိုယ်သူ Hoho ဟုသင်သော်လည်းမခေါ်
Lay က Hyung ဟု သင်ကြည့်သော်လည်း မခေါ်ခဲ့ပါချေ . .

ခုလည်း Lay လက်ထဲမှနေ၍ ဖန်ဖန်ဟု ခေါ်ကာ
Kris ဆီ လက်ကမ်းနေပြန်သည် . . .

Kris က အနားတိုးထိုင်ကာ
စာအုပ်အဖုံးမှ သူညှပ်ယူထားသည့် ကြယ်ပုံလေးကို
ပြနေသောကြောင့်
ကလေးပေါက်စကလည်း တခစ်ခစ်နဲ့ လက်တရမ်းရမ်း . . .

'Dae ahh . . ဒီမှာကြည့် Hyung မှာလည်းရှိတယ် . .
ကလေးလေးရော ယူမလား . .
Hmm? ပေါက်စလေးရော လိုချင်လား . . . '

Suho က လက်ထဲက ကြယ်ပုံလေးကိုလည်း ရမ်းပြရင်း
တစ်ကိုယ်လုံးကလည်း ယိမ်းထိုးလှုပ်ယွပြနေတာမို့
Dae လေးက တခစ်ခစ် ရယ်သံတွေထွက်ကာ
ခြေထောက်ကိုပါ ဆောင့်လိုက်ရင်း
Lay လက်ထဲ ထွန့်ထွန့်လူးနေတော့သည် . . .

Devotion { Complete }Where stories live. Discover now