Devotion - Extra 3

179 21 2
                                    

'Lay . . '

အိပ်ယာခြေရင်းကနေ
လေးဖက်ထောက်လျက် လာနေသော Dae

ဘယ်လိုပဲ အပေါ်ဘက်မှာ သိပ်သိပ်
အိပ်ရင်း လျှော လျှော ချတတ်သော အကောင်လေးက
မိုးလင်းလျှင် အိပ်ယာခြေရင်းမှာ ကွေးနေတတ်သည် . .

အဲ့ဒါကြောင့် ကုတင်ခြေရင်းကနေ
ပြုတ်ကျတာလည်း အခါခါ . . .

အဲ့ဒါ လည်း အောက်လျှောချတုန်း . . .

နောက်တော့ Lay လည်း
အောက်အနည်းငယ်လျှောအိပ်လိုက်ပြီး
ခြေထောက်တွေကို ကန့်လန့်ထားပစ်လိုက်သည် . . .

ထိုအခါမှ
အောက်သို လျှောဆင်းတတ်သောကလေးသည်
Lay ခြေထောက်တွေဆီရောက်လျှင် သိမ်းကြုံးကာ
ခြေထောက်လေးတွေက ခွ
လက်ကလေးတွေက ဖက်လျက် . . .

Lay ခြေသလုံးတွေသည်
Dae ၏ ဖက်လုံးတွေအလားပင် . . .

ခုလည်း
Lay လက်တွေကြားထဲဝင်ကာ
ရင်ခွင်ထဲ အတင်းတိုးဝင်နေသည့် ခွေးပေါက်လေး . . .

'Mmmm'

Lay အိပ်ချင်မူးတူးနဲ့
ရင်ခွင်ထဲက အကောင်လေးကို တိုးဖက်ကာ
ပြန်ငြိမ်ပြီး နှပ်နေလိုက်သည် . .

Dae ကတော့ Lay အင်္ကျီကြယ်သီးတွေကို
သူ့လက် ပိစိလေးတွေနဲ့ ဆွဲလွဲ ကစားရင်း
မျက်နှာကို Lay လည်ပင်းနဲ့ ပုခုံးကြားတိုးပြီး
တရှုံ့ရှုံ့နဲ့ ပွတ်သပ်နေသည် . . .

တစ်ခါတစ်လေကျ
အလိုနဲ့ တစ်ရေးပြန်အိပ်တတ်ကြပေမယ့်
ခုတော့ Lay အိပ်မရပါ . .

ရင်ခွင်ထဲက အကောင်လေးက မအိပ်ပဲ
လှုပ်စိ လှုပ်စိ လုပ်နေသည်ကိုး . . .

'မအိပ်တော့ဘူးလား Dae . . .'

ခေါင်းလေးငြိမ့်ကာ တခိခိရယ်ပြနေတဲ့ကလေးက
စောစောစီးစီး ဘာတွေအူမြူးနေတယ် ရယ် မသိ . . .

ထိုကဲ့သို့ပင်
Kris နဲ့ Suho သည်လည်း . . .

Kris ရင်ဘတ်ကို ကျောကပ်ကာ
မြုပ်နေအောင် ခွေနေသော Suho
ဂွမ်းစောင် အထူကြီးကတော့
အောက်မှာ လုံးထွေး ကန်ချလျက်သား . . .

Kris မှာ နိုးနေသော်လည်းမလှုပ်ရဲ
ရင်ခွင်ထဲက တရှုးရှူး အိပ်မောကျနေသော
ယုန်ကိုယ်တော်လေး နိုးသွားမည် စိုး၍ပင် . . .

You've reached the end of published parts.

⏰ Last updated: May 22, 2019 ⏰

Add this story to your Library to get notified about new parts!

Devotion { Complete }Where stories live. Discover now