'Hyung!'
ထိတ်လန့်သွားသလို ရေရွတ်တဲ့ ကလေးငယ်ကို
Yifan ရင်ခွင်ထဲ ထည့်ဖက်ထားလိုက်တယ်ငြိမ်သက်နေသော Chennie ထံမှ တအိအိရှိုက်သံလေးနဲ့အတူ
ရင်ခွင်ထက် အနည်းငယ်စိုစွတ်လာလေသည်ထို့အတူ
Yifan ပါးပြင်၌လည်း ပူနွေးသော မျက်ရည်စများက နေရာယူလေသည်'Chennie . . '
တုန်ယင်နေသော အသံတို့နှင့် ခေါ်ဆိုလိုက်တော့မျက်ရည်စက်လက်နှင့် ခေါင်းမော့လာသော ကလေးငယ်
တကယ်တော့ ကလေးငယ် မဟုတ်တော့
အရွယ်ရောက်ပြီးသော လူငယ်လေးတစ်ဦးဖြစ်နေလေပြီ'Hyung . .'
ခပ်တိုးတိုး ခေါ်သံနဲ့အတူ ထပ်မံစီးကျလာသော မျက်ရည်များ
Yifan မျက်ရည်တွေကြားမှ ပြုံးမိသည်
ဒီကလေးဟာ အရင်တိုင်း ကိုယ့်အပေါ်မပြောင်းလဲသေးဟူသော အသိက
Yifan ရင်ကို ကြည်နူးစေသည်Fan : 'အိမ်ထဲဝင်ရအောင် Chennie . . '
Chen : 'ဟင့်အင်း . . hyung . . Chennie ပြန်တော့မယ် . . '
Fan : 'ခဏလေးပါ Chennie ရယ် . . hyung ဘယ်ျေလာက် လွမ်းနေခဲ့ရလဲ '
Chen : 'Nadu . . nadu hyung . . .'
Chen လက်ကိုဆွဲကာ Yifan အခန်းထဲသို့ပင် ခေါ်လာခဲ့သည်
အခန်းတံခါးကို lock ချ လိုက်ကာ
Yifan ကုတင်ပေါ်ထိုင်လိုက်ရင်း Chennie ကို ပါ ဆွဲထိုင်စေကာ
ရင်ခွင်ထဲထည့် ဖက်ထားလိုက်သည်Fan : 'hyung လွမ်းနေခဲ့တာ Chennie ကိုရော Jun ကိုရော'
Chennie က ရင်ခွင်ထဲပိုတိုးဝင်လာကာ
Chen : 'Chennie လည်း hyung ကို လွမ်းတယ် . .
myeonnie hyung ကလည်း လွမ်းနေတာကို . . ဘယ်တော့မှ မပြောဘူး . . Chennie က hyung နာမည်ပြောမိရင်တောင် မကြိုက်ဘူး . . အော်တယ် 'Yifan ရင်ထဲ ဆစ်ခနဲ နာကျင်သွားတယ်
ကိုယ့်နာမည်တောင် မကြားချင်လောက်အောင်ပဲလား ကလေးရယ် . . .Fan : 'ဟုတ်လား . . ကလေးကိုကွာ . .
ကလေးတော့လည်း မဟုတ်တော့ပါဘူး . . ကြည့်ပါဦး အရပ်ကလည်းရှည်လာလိုက်တာ . . ပိုလည်းချောလာတယ် . . ကြည့်စမ်း လူကြီးလေး ဖြစ်နေပါပြီ Chennie က . .'