Ep2

3.2K 203 0
                                    

သူမကြည့်​ရသည်​မှာ အတန်းထဲတွင်​ အသိရှိပုံမရ။

ယောင်​​တောင်​​တောင်​နှင့်​ အတန်း​ရှေ့တွင်
ရပ်​​နေသည်​။ ဟိုကြည့်​ သည်​ကြည့်​နှင့်
ဘယ်​နားထိုင်​ရမှန်း အကဲခတ်​​နေသ​ယောင်​။

ကျွန်​မပါ သူမအားအကဲခတ်​​နေစဉ်
ရုတ်​တရတ်​ ကျွန်​မတို့ဘက်​အား သူမလှမ်းကြည့်​လာသည်​။
ကျွန်​မတို့အတန်းဘက်​ဆီ သူမ​လျောက်​လာသည်​။

"ဟို......ငါဒီအတန်းမှာ
ထိုင်​လို့ရမလားဟင်။ သူများအတန်း​တွေက
လေး​ယောက်​ပြည့်​​နေပီ။
ဒီမှာသုံး​ယောက်​ဘဲ ရှိ​သေး​တော့ ထိုင်​မယ်​​နော်​"

ဟုဆိုလာ​သောသူမ။ ယခုမှ​ သေချာကြည့်​မိသည်​။
မျက်​နှာကျသွယ်​သွယ်​ နှာ​ခေါင်းလုံးလုံး နှုတ်​ခမ်းဖူးဖူး နှင့်​သူမ။ သူမမျက်​နှာတွင်​ အလှဆုံး​ပြောရပါဆိုရင်
ရွှန်းလဲ့ဝိုင်းစက်​​နေ​သော သူမမျက်​လုံးများပင်​။
ချုံကြည့်​ရရင်​ သူမ​တော်​​တော်​လှပါသည်​။

ကျွန်​မနဲ့များတစ်​ခြားစီပင်​။ သူမကပိန်​ပိန်​သွယ်​သွယ်​။ ကျွန်​မမှာ​တော့ ဝဝကစ်​ကစ်​ ။ မျက်​လုံး​မှေး​မှေး မျက်​ခုံးမှာပါတယ်​လို့ဆိုရုံသာ ခပ်​ပါးပါး နှုတ်​ခမ်းကလည်း ထော်​​ထော်​ ။ ပါးကလည်း​ဖောင်းအစ်​​နေ​သေးသည်​။ ပါးချိုင့်​​လေး​ကြောင့်​သာ ချစ်​ဖို့​ကောင်းသည်​ဟု ဆိုရ​လောက်​သည်။

ကိုယ့်​ဘာသာ အ​တွေးလွန်​​နေတာနဲ့
သူမ​မေးတာကို ပြန်​မ​ဖြေဖြစ်​။
ဘေးနားမှ ကြယ်​စင်​ချိုက

"ရပါတယ်​ ထိုင်​​လေ"

လရိပ်​မှူးကလည်း ကျွန်​မအားလက်​တို့ကာ

"နင်​ဒီဘက်​တိုး​ပေးလိုက်​​လေသူထိုင်​ရ​အောင်​"ဟု​ပြောကာမှ

ကျွန်​မလည်း​ ယောင်​​တောင်​​တောင်​ပင်

"​အော်​​အေး"

ဟုဆိုကာတိုး​ပေးရသည်​။

သူမ ကျွန်​မ​ဘေးနားတွင်​ ထိုင်​ကာ စာအုပ်​များအား ခုံ​အောက်​ထဲထည့်​ တစ်​ချို့စာအုပ်​​တွေ ခုံ​ပေါ်တင်​ပီး​တော့မှ

Promise me for tomorrowWhere stories live. Discover now