အထီးကျန်ခြင်း စိတ်နာခြင်းတွေရဲ့
ထွက်ပေါက်အဖြစ် မိမိကို လိုက်နေတဲ့
ဟိန်းဇေယျာထက်ဆိုတဲ့
မိမိနဲ့ အတန်းတူ ကောင်လေးတစ်ယောက်နဲ့
တွဲဖြစ်ခဲ့သည်။ဟိန်းသည် မိမိအပေါ်တွင် တကယ်ကို
ချစ်ရှာသည်။ အနွံနာလည်းခံသည်။
အရာရာတွင် မိမိကိုသာ ဦးစားပေးသည်။အကယ်၍ ဆုလာဘ်နဲ့သာ အရင်
မတွေ့ခဲ့ပါက ဟိန်းကို ချစ်မိလောက်သည်။ခုကျတော့ ဟိန်းက ဂရုစိုက်ပေးလေ
ဆုလာဘ်ကို ပိုသတိရလေ။မထင်မှတ်ဘဲ Ocean shopping mallမှာ
ကြယ်စင်တို့ လရိပ်တို့နဲ့ ဆုံကာမှ
ဆုလာဘ်အကြောင်း မေးကာ ဖုန်းနံပါတ်
တောင်းထားလိုက်ရသည်။အာ့နောက်ပိုင်း ဆုလာဘ်နဲ့ ကြားထဲက
အထင်လွဲတာတွေ ပြန်အဆင်ပြေသွားခဲ့သည်။ဆုလာဘ်အပေါ် ပိုတွယ်တာလာလေလေ
ဟိန်းကို အားနာမိသည်။လမ်းခွဲစကားပြောမိတိုင်းလည်း
ယောကျာ်းတန်မဲ့ မျက်ရည်ကျတတ်တဲ့သူ့ကိုလည်း မရက်စက်နိုင်ပါ။ဒွိဟတို့နဲ့ လွန်ဆွဲနေခဲ့သည်မှာယနေ့အထိပင်။လုံးဝမထင်မှတ်ထားသည်က ယခု ဟိန်း
ကိုယ်တိုင်လမ်းခွဲပေးခဲ့သည်။ဆုလာဘ်နဲ့က ရှေ့ဆက်တိုးရမလား။ဒါမှမဟုတ်ရင်ဒီတိုင်းလေးဘဲရပ်နေရမလား။
မိမိရဲ့သိက္ခာတွေချနင်းပြီးလျောက်ရမယ့်
ဒီလမ်းမှာ ဆုလာဘ်သာပါမယ်ဆိုရင်တော့ လျောက်ရဲပေမယ့် သူကကော?တစ်နေ့တစ်နေ့ ဆေးရုံမှာ နေ့မအိပ်ညမနား
အပြေးအလွှား အလုပ်လုပ်နေရတာနဲ့
ဆုလာဘ်နဲ့တောင် ဖုန်းမပြောဖြစ်တာကြာပြီ။"Hello.....ဆုလာဘ်လား...."
"Omm....ပြော....ကျော့"
စိတ်ဘဲထင်နေလို့လားမသိ။
ဆုလာဘ်အသံက အားမရှိတဲ့အသံနဲ့။
YOU ARE READING
Promise me for tomorrow
RomanceGirl×Girl Pure love between two friends Friendship❤Romance❤Drama