မင်္ဂလာခန်းမထဲမှာ အသိတွေကို
အပြုံးနဲ့ လိုက်လံနှုတ်ဆက်နေရသော်လည်း
ကိုယ့်နှလုံးသားနာကျင်နေမှုကို
ကိုယ်သာသိသည်။နောက်ဆုံးအချိန်အထိ သူမဘက်မှ
ငယ်ငယ်တုန်းကလို မိမိသူများတွေနဲ့
တရင်းတနှီးနေလျှင် "You are mine"လို့ပြောပြီး ဆွဲခေါ်ထုတ်မလား မျှော်လင့်နေဆဲ။သို့ရာတွင် အသက်မပါသလို
တွေတွေကြီး တွေးနေငေးနေသောသူမ။
အရာရာနောက်ကျသွားခဲ့ပြီလား။
ထာဝရဝေးရပြီလား။
ဒီမင်္ဂလာပွဲပြီးတာနဲ့ မိမိမှာဆိုင်သူရှိသွားပြီ။အရွဲ့တိုက်ချင်စိတ်တစ်ခုတည်းနဲ့
ဖြစ်တည်လာသော ဒီမင်္ဂလာပွဲ။
သူမကိုနာကျင်စေချင်သောစိတ်နဲ့
စတင်ခဲ့သော်လည်း ယခုအခါ
နာကျင်နေရသူမှာ မိမိကိုယ်တိုင်ပင်။အများအမြင်တွင် သူမကသာ
မိမိကို အမြဲတစေအနိုင်ပေးသည်
ဖြစ်သော်လည်း အမှန်တွင်
မိမိမှာ မိမိအချစ်တွေဖြင့် သူမထံ
ကျရှုံးနေခဲ့ပြီးဖြစ်သည်။ဘယ်တုန်းက ဒီချစ်ခြင်းတွေက
ပိုင်ဆိုင်လိုခြင်းအတ္တနဲ့ အတူ
ပေါက်ဖွားခဲ့လည်းဆိုတာမသိ။၅တန်းစတက်တုန်းက မအူမလည်ဖြစ်နေသောမိမိကို နွေးထွေးစွာ ကြိုဆိုခဲ့သောသူမ။ ထိုအချိန်တည်းက သူမအပေါ်
တွယ်တာခဲ့ရသည်။
သို့ရာတွင်ဖြူစင်နေဆဲ။တစ်ရက် ဆရာမက အိမ်စာမပြီးတဲ့သူတွေကို မတ်တပ်ရပ်ခိုင်းပြီး အပြစ်ပေးသောနေ့။
တစ်ခန်းလုံးတွင် မိမိတစ်ယောက်တည်းသာ
အိမ်စာမပြီးသေးသဖြင့် မတ်တပ်ရရမည်ကို သူမကပါ အိမ်စာမပြီးချင်ယောင်ဆောင်၍ အတူတူ အပြစ်ပေးခံခဲ့သည်။ထိုအပြုအမူကနေတစ်ဆင့်
မိမိနှလုံးသားထဲသို့ သူမ
မသိမသာမှ သိသိသာသာ
ဝင်ရောက်လာခဲ့သည်။သူမ မိမိအပေါ် ဘယ်လောက်သည်းခံ
နိုင်သလဲစမ်းသပ်သည့်အနေဖြင့်
YOU ARE READING
Promise me for tomorrow
RomanceGirl×Girl Pure love between two friends Friendship❤Romance❤Drama