နင်မသိနိုင်ပါဘူး နင့်ရှေ့မှာ ဟန်ဆောင်ပြီး
ပြုံးနေရပေမယ့် နှလုံးသားတစ်ခုလုံး
နာကျင်နေရတဲ့ ခံစားချက်ကိုနင်မမြင်နိုင်ပါဘူး နင်မရှိတဲ့ နိုင်ငံရပ်ခြားမှာရောဂါကို အံတုရင်း သေမတတ်လွမ်းနေတဲ့
ငါ့ကိုနင်နားမလည်ပါဘူး တစ်ဖြည်းဖြည်းနဲ့
မေ့ပျောက်လာတဲ့ ငါတို့ရဲ့အမှတ်တရတွေကို
မမေ့ခင်တည်းက ကြိုချရေးထားပြီး
နေ့တိုင်းပြန်ဖတ်နေတဲ့ငါ့ကိုအရာရာတိုင်းက အဆင်ပြေနေခဲ့ပါတယ်
တစ်ခါတစ်ရံ ရောဂါကြောင့် နာကျင်ရတဲ့
ဒဏ်ရယ်ဖေဖေနဲ့တီချိုတို့ရဲ့ မျက်ရည်တွေကို
စိတ်မကောင်းဖြစ်စွာ ကြည့်နေရတာရယ်နင့်ကို တွေ့ချင်မိတာရယ်ကလွဲရင်ပေါ့.......
တစ်နေ့တစ်နေ့ အခန်းထဲမှာ ဆေးနံ့တွေနဲ့
မွန်းကျပ်လွန်းလို့ ဆေးရုံခေါင်မိုးပေါ်
တက်လာခဲ့မိတယ်။နေသာတဲ့နေ့လေး တစ်နေ့ပါ့လား။ အပေါ်ဆုံး
ထပ်ဆိုတော့ ပတ်ဝန်းကျင်က တိတ်ဆိတ်နေတယ်။လေညင်းလေးတွေက တစ်သုန်သုန်
တိုက်ခတ်နေပေမယ့် နေရောင်နွေးနွေးကြောင့် အေးစိမ့်မှုကိုမခံစားရ။
ဒီလိုသဘာဝ အလှအပတွေကို မခံစားရတာကြာပြီဘဲ။ခံစားရဖို့အတွက်လည်း အချိန်သိပ်မကျန်လောက်တော့ဘူးဘဲ။
"So this may be true.....that I can't
live without you
May be two better than one....."
သူ့အတွက် သီးသန့်ထားထားတဲ့
ringtoneသံကြောင့် အိပ်ကပ်ထဲကနေ
ဖုန်းထုတ်ကိုင်မိတယ်။ဘာအကြောင်းကြောင့် ဖုန်းဆက်တာလဲ
မသိ။ မိမိS' poreရောက်ကတည်းကနေ
ခုထိကိုယ်လည်း ဖုန်းမဆက်ခဲ့သလို
သူလည်းမဆက်ခဲ့။"Helloကျော့.....ပြောလေ"
"နင်ဒီတစ်ပတ်...စနေနေ့အားလား.....အာ့နေ့ငါ့မင်္ဂလာဆောင်....နင်လာမှာမလား"
YOU ARE READING
Promise me for tomorrow
RomantiekGirl×Girl Pure love between two friends Friendship❤Romance❤Drama