တက္ကသိုလ်ဝင်တန်း ဖြေဆိုရန် အချိန်က
နီးသထက်နီးလာပြီဖြစ်သည်။ Private study
အတွက် ကျောင်းပင် ပိတ်ပေးထားသည်။သူမ မိမိအတန်းရှေ့ လာငိုပြီးသည့်နေ့မှစ၍ကျောင်းမပိတ်ခင် နေ့အထိ နေ့တိုင်းလိုလို
စာကြည့်တိုက်တွင် စာလုပ်ရင်းတွေ့ဖြစ်ကြသည်။ခေါင်းမကြာမကြာ ကိုက်တတ်လာသည်။
တီချိုစိတ်ပူမည်စိုးသောကြောင့် မပြောဖြစ်။
မိမိဘာသာ ခေါင်းကိုက်ပျောက်ဆေးကို
လမ်းထိပ် ဈေးဆိုင်မှ ဝယ်သောက်ဖြစ်သည်။ခေါင်းမကြည်တော့ စာကလည်းကျက်မရ။
စာမေးပွဲက ဖြေရတော့မယ်။ စာတွေက
သိပ်မရသေး။ကြိုးစားပြီး အာရုံထည့်ကျက်ရမည်။ သူမအတွက်
ပေါင်းရမှာကိုပင် အရှက်ရစေသော
ခပ်တုံးတုံးသူမျိုးမဖြစ်ချင်။ အနည်းဆုံးတော့အောင်အောင်ဖြေရမည်။စာမေးပွဲဖြေနေတုန်း ကျောင်းမှာ
ခဏတစ်ဖြုတ်တော့ သူမနဲ့တွေ့ဖြစ်သည်။
နောက်ဆုံးနေ့ Bioဖြေပြီးပါကလည်း
လျောက်လည်ရန် တိုင်ပင်ထားသည်။ရှေ့(၅)ဘာသာကတော့ အမှတ်မများရင်တောင်
အောင်မှာသေချာသည်။ မနက်ဖြန်တစ်ရက်ပြီးပါက စိတ်ကြိုက်အမုန်းကဲရမည်။စာမေးပွဲခန်းထဲတွင် Bioမေးခွန်းကြည့်လိုက်တော့
လွယ်လွယ်လေးတွေ မေးထားသည်။မိမိလိုရွေးကျက်သူတောင် တော်တော်များများတိုးသည်။
သူမဆိုလျင် ဂုဏ်ထူးမလွဲပေ။စာမေးပွဲဖြေနေရင်း ရုတ်တရတ်ခေါင်းထိုးကိုက်လာသည်။ ချွေးစီးတွေပင် ပျံလာသည်။စာတွေလည်း စဉ်းစားမရတော့။
ဖြေထားတာကလည်း အောင်မှတ်မကျော်သေး။ အခန်းစောင့်ဆရာမမှ
"အချိန်စေ့ဖို့ ၁၅မိနစ်ဘဲလိုတော့တယ်"
ဟု ဆော်သြသံအဆုံး လက်တွေတောင်
တုန်လာသည်။ ဆက်ရေးသာရေးနေရသည်။
ဘာရေးနေလို့ ရေးနေမှန်းမသိတော့။
YOU ARE READING
Promise me for tomorrow
RomanceGirl×Girl Pure love between two friends Friendship❤Romance❤Drama