Ep17

2.2K 199 30
                                    

ဒီ​နေ့လည်း ခါတိုင်းလိုပါဘဲ
night dutyဆင်းပြီး ပြန်​လာ​တော့
လူက အ​တော်​ကို ပင်​ပန်း​နေပြီ။

တိုက်​ခန်းတံခါး​ စေ့ထားပုံ​ထောက်​ရင်
ကိုလည်း ပြန်​​ရောက်​​နေတာထင်​တယ်​။

အိမ်​​ရှေ့ဧည့်​ခန်းထဲမှာ ရှိမ​နေပုံ​ကြည့်​ရရင်
အိပ်​ခန်းထဲမှာ အိပ်​​နေပြီထင်​တယ်​။

ထင်​တဲ့အတိုင်း ဒီ​နေ့duty offတယ်​ဆိုပြီး
အိပ်​ယာက မထ​သေးဘူးဘဲ။

တစ်​ကိုယ်​လုံးလည်း နုံး​ချိနေ​တော့
ရေဘဲ အရင်​ချိုးဖို့ ပြင်​လိုက်​တယ်​။

ရေချိုးခန်းက​နေ ထွက်​လာတဲ့အထိ
မနိုး​သေးဘူးဘဲ။

ထမင်းစားခန်းထဲက ​ရေခဲ​သေတ္တာကို
ဖွင့်​ကြည့်​လိုက်​​တော့ ကိုယ့်​အကြိုက်
ချောကလက်​ကိတ်​​လေးက
အဆင်​သင့်​ရှိ​နေတယ်​။

ကိုက​တော့.....တစ်​ကယ့်​ကို ကိုယ့်​ကို
ဂရုစိုက်​တာဘဲ။

Coffee​အေး​လေးနဲ့ ကိတ်​စားပြီး​တော့
အိပ်​ချင်​လာတာနဲ့ အိပ်​ခန်းထဲ ပြန်​ဝင်​ပြီး
ကို့ရဲ့​ဘေးနား ဝင်​အိပ်​မိတယ်​။

တစ်​​နေ့တစ်​​နေ့ ဘဝကို ရိုးရှင်းစွာ
ဖြတ်​သန်းရင်း ကုန်​ဆုံးတယ်​။

တစ်​ခါတစ်​​လေ သူမကို လွမ်းတယ်​။

တစ်​လတစ်​ခါ ထီလာကို သွား​တွေ့​ပေမယ့်
ဒီတစ်​လက​တော့ ဘယ်​လိုမှ အချိန်​မရှိ​တော့
မ​တွေ့ဖြစ်​။

အိမ်​မက်​ထဲမှာ​တော့ ထီလာဦးပိန်​ထက်​မှာ
လမ်း​လျှောက်​​နေတဲ့ က​လေးမ​လေးနှစ်​​ယောက်
က​တော့ နီးစပ်​နေ​သေးတယ်​။

ညှော်​နံ့နံလို့ နိုးလာမိ​တော့ ထမင်းစားခန်း
ဆီက ဂလုံဂလွမ်​အသံ​တွေ​လည်း
ကြားရပြန်​တယ်​။

ကို တစ်​​ယောက်​ ဘာ​တွေလုပ်​​နေတာပါလိမ့်​။

ဆီအိုးတည်​ထားပြီး ကြက်​သွန်​​တွေကို
လှီးလိုက်​ မျက်​နှာကိုပွတ်​လိုက်​နဲ့
ကို့ရို့ကားယားနိုင်​​နေသူ။

Promise me for tomorrowWhere stories live. Discover now