ပြောပြီး ထွက်သွား ကာ တံခါးကိုပြန်ပိတ်ပေးသွားတော့သူအော်ရယ်နေမိသည်။ အဲဒီ hyung ကလေ သူ့ကိုများ ကလေးလိုနေတဲ့၊ သူ့ရဲ့ ကလေးက ရည်းစား ပေါင်းတစ်ထောင်ပင်ပြည့်တော့မယ်၊ သူကဖြင့် ခုထိမစွံ၊ ဟူး...မစွံတာမဖြစ်နိုင်၊ hyung ကမထားတာဖြစ်ရမယ်။
အဲဒီညက tae ထူးဆန်းတဲ့ အိပ်မက်တစ်ခုမက်ခဲ့တယ်၊ အိပ်မက် ထဲမှာ tae က fany ဆိုသော အမျိုးသမီး ကို ကြောက်လိုက်ရတာတုန်နေတာပဲ့တဲ့၊ fany မျက်တောင် တစ်ချက်လောက်ခန့်တာကိုတောင် သူတုန်လုပ်နေသည်တဲ့။
ကြောက်ကြောက်လန့်လန့်နှင့် ကြားကပင် fany ရဲ့ မျက်တောင် လေးတွေ ထူပြီးကော့နေတာကို tae ကသဘောကျနေသေးသည်တဲ့လေ။
နောက်ဆုံး tae. Fany နဲ့ဝေးရာ ကိုပြေးရင်း ပြေးရင်းနှင့် အိပ်မက် ကလန့်နိုးလာတော့ tae တစ်ကိုယ်လုံး ချွေးတွေရွှဲနစ်နေခဲ့သည်။
Tae pov....မင်း တွေ့မယ် fany noona ၊ tae အိပ်မက်ထဲ အထိ လိုက်နှောက်ယှက်တဲ့ အတွက်လျော်ကြေးပေးရမှာပေါ့။
Fany office ကိုရောက်တော့ suzy က မျက်နှာ စူပုပ်ပုပ်ဖြင့် လာကြိုသည်။
Suzy....unnine ...အထဲမှာ kim taeyeon ဆိုတဲ့ အကောင်ရောက်နေတယ်၊ unine မရှိပါဘူးဆိုပြောတာတောင် လာတဲ့အထိစောင့်မယ်ဆိုပြီး ပေကပ်ကပ်ထိုင်နေတယ်။
Fany...ဟုတ်လား၊ နေပါစေ၊ တွေ့လိုက်ရတာအပန်းမှမကြီးတာ။
Fany ရဲ့ design canter မှာက ဧည့်သည် ဧည့်ခံဖို့အတွက် သီးသန့်  ဧည့်ခန်းလေးထားထားပါသည်၊ ထို ဧည့်ခန်းထဲရှိ fany ရဲ့ ပုံတူပန်းချီကားရှေ့မှာ ရပ်ကြည့်နေသော kim taeyeon ကိုတွေ့လိုက်ရသည်။
Fany ၀င်လာတာကိုသိရက်နှင့် fany ကိုမမြင်ချင်ယောင်ဆောင်နေသဖြင့် fany ကလည်းမ နှုတ်ဆက်ပဲ့ ဧည့်ခန်းထဲရှိ ဆက်တီ မှာ ၀င်ထိုင်ပြီးစောင့်နေလိုက်သည်။
YOU ARE READING
ရင်စည်းရိုးနဲ့အချစ်လေပြည်
FantasiaFany. pr. ကျမလေတစ်စုံတစ်ယောက်ကိုအချစ်တွေပေးခဲ့ဖူးတယ် တစ်စုံတစ်ယောက်စီကအချစ်တွေရခဲ့ဖူးတယ် ဒါပေမဲ့.. ........ အဲဒီတစ်စုံတစ်ယောက်ဟာကျမအတွက်တစ်ယောက်တည်းမဟုတ်ခဲ့တာကကျမရဲ့ကံကြမ္မာပဲ့ပေါ့နော်😔😔😔 ကျမကိုပေးဆပ်ရသောသူနဲ့ကျမက...