နောက်တစ်ခါက coffee shop တစ်ခု မှာဖြစ်သည်၊ ထို coffee. Shop လေးက counter မှာ ကိုယ်နှစ်သက်ရာ မှာယူနိုင်ပြီး ပိုက်ဆံ တစ်ခါတည်းရှင်းရသည်၊ ပြီးတော့ coffee ဗန်းကိုလည်း ကိုယ့်ဘာသာ သယ်ရတာပင်။ fany က တစ်ခါတစ်ရံ coffee ဆိုင်သွားပြီး တစ်ယောက်တည်း တွေးချင်ရာတွေးတတ်သည့်အကျင့်ရှိပါသည်၊ အထူးသဖြင့် ၀တ်စုံ ကိုပုံဖော်ခါနီး ရင် fany က coffee ဆိုင် သွားထိုင်ပြီး ထို ၀တ်စုံ အကြောင်း စဉ်းစားတတ်သည်၊၊
ထိုနေ့ကလည်း model တစ်ယောက်အတွက် dinner ၀တ်စုံ ချုပ်ပေးဖို့ fanyစဉ်းစားရင်း ခေါင်းနောက်လာသဖြင့် fany ထိုင်နေကျ coffee ဆိုင်သို့ အလာမှာ ထုံးစံအတိုင်း လေ လွင့်ကောင်လေး ရဲ့ကားက fany နောက်မှာကပ်ပါလာပြန်ပြီလေ။
Fany coffee မှာတော့လည်း fany မှာသည့်အတိုင်း တစ်သဝေ မတိမ်းလိုက်မှာသည်၊ ထိုနောက်မှာ ဇာတ်လမ်း ကစတာပင်။ fany က coffee ဗန်းကို မပြီး အထွက် သူက fany ဗန်းကိုင်ထားသောလက်ကို မသိမသာတိုက်ချပစ်လိုက်သည်။
Fany ရဲ့ ဆင်စွယ်ရောင်စကတ်လေးမှာ coffee တွေရုပ်ပျက်ဆင်းပျက် စွန်းထင်း လျက်။
Tae : ဟာ.......sorry ၊မတော်လို့ပါဗျ
တစ်ဆိုင်လုံးရဲ့အကြည့်တွေက fany တို့နှစ်ယောက် ဆီရောက်လာချိန် သူက fany ရဲ့ စကတ်ကို တစ်ရှူးစတွေနှင့်သုတ်ပေးဖို့ ကြိုးစားနေသည်။
ကဲ..ကြည့်လေ ဘယ်လောက်တောင် ရုပ်ပျက်ဆင်းပျက် နိုင်လိုက်သလဲလို့။ထိုခဏမှာ fany kim taeyeon ကိုတော်တော်မုန်းသွားသည်။သို့သော် fany ရဲ့ နှုတ်ခမ်း တွေက လှပစွာ ကွေးညွှတ်လျက်....Fany : ရတယ်၊ မင်းဖယ်ပေး ၊coffeeမှောက်တာက နည်းနည်း အခွင့်အရေး ယူတာက များများ ဖြစ်နေပြီ။
သူ့ရဲ့မျက်နှာက နီရဲသွားပြီး ကိုးရိုးကားယား ဖြစ်နေသော သူ့ရဲ့တစ်ရှူးကိုင်တဲ့လက်ကလည်း လေထဲမှာရပ်တန့်သွားသည်။တစ်ဆိုင်လုံးရဲ့အကြည့်တွေက သူ့တစ်ဦးတည်း ထံသို့သာစိုက်ရောက်သွားသည်။fany က အနိုင်ရသူတစ်ယောက်ရဲ့အကြည့်မျိုးနှင့် သူ့ကိုတစ်ချက်စိုက်ကြည့်လိုက်ပြီး အပြင်ကိုထွက်သွားသည်။
ထိုနေ့က fany coffee မသောက်ဖြစ်လိုက်သော်လည်း သူ့ကိုအနိုင်ရခြင်း အရသာရဲ့ ချိုမြမှုကိုအပြည့်အ၀ခံစားလိုက်ရသည်။Coffee ဆိုင်ထဲမှာ ကျန်ခဲ့သော kim taeyeon မှာလည်း သူ့ကို ကြာကူလီတစ်ကောင်လို ၀ိုင်းကြည့်နေသော အကြည့်တွေအောက်က အမြန်ထွက်ခဲ့ရသည်။
ထိုအကြည့်တွေ ထဲမှာ irene ရဲ့ အကြည့်တွေလည်း ပါနေသည်ကို ရှက်ရွံ့စွာ တွေ့လိုက်ရသေးသည်။kim taeyeon နှင့် Tiffany ရဲ့ကြား မှာ နိုင်တစ်ခါ ရှုံးတစ်လှည့် မကျေပွဲတွေကို ဆက်ကာဆက်ကာဆင်နွှဲရင်း...........
Airport ထဲဝင်ကတည်းက fanyကို ဖျတ်ခနဲ တွေ့လိုက်ရသည်၊ တွေ့ဆို hyung ထံမှ....
Yul : ဟာ....fany ပါလား ၊fany ခရီး သွားမလို့လားမသိဘူး
ဆိုသည့်အသံကိုကြားလိုက်ရသည်ကိုး၊ သူကတော့ရုတ်တရက်fany နှင့် လေယာဉ် တစ်စီးတည်းသွားရရင်ကောင်းမှာပဲ့လို့ တွေးလိုက်မိသေးသည်။
ထိုနောက် hyung က fany ဆီ လျောက်သွားတော့ သူက မသိမသာ ကျန်ရစ်ခဲ့သည်။ဘာကြောင့်မှန်းမသိ သူဟာ hyung ရဲ့ ညီဟု fany ကို မသိစေချင်ပါ ၊hyung နှင့်ကျတော့ fany အပြုံးတွေက ချိုလို့၊ လချမ်းလို ကွေးလိုက်နေသောမျက်လုံးလေးက အရမ်းကိုချစ်စရာကောင်းပါသည်၊ စကားတွေ ကလည်း ရွှန်းရွှန်းဝေလို့။
Next......
SMT
YOU ARE READING
ရင်စည်းရိုးနဲ့အချစ်လေပြည်
FantasyFany. pr. ကျမလေတစ်စုံတစ်ယောက်ကိုအချစ်တွေပေးခဲ့ဖူးတယ် တစ်စုံတစ်ယောက်စီကအချစ်တွေရခဲ့ဖူးတယ် ဒါပေမဲ့.. ........ အဲဒီတစ်စုံတစ်ယောက်ဟာကျမအတွက်တစ်ယောက်တည်းမဟုတ်ခဲ့တာကကျမရဲ့ကံကြမ္မာပဲ့ပေါ့နော်😔😔😔 ကျမကိုပေးဆပ်ရသောသူနဲ့ကျမက...