ရင်​စည်းရိုးနှင့်​အချစ်​​လေပြည်​ part20

618 58 24
                                    

Tae tae သူမဘက်​ကို လှည့်​လာသည်​၊မျက်​လုံး​တွေက ​သွေး​ကြောမျှင်​​တွေတန်းလျက်​ နီရဲ​နေသည်​၊ tae tae မျက်​နှာဟာ တစ်​စုံတစ်​ရာ ကို ပြင်းထန်​စွာထိန်းချုပ်​ထားရသလို မျက်​နှာပြင်​​ပေါ်ရှိအသားစ​တွေက တဆတ်​ဆတ်​လှုပ်​ရှား​နေသည်​၊နှုတ်​ခမ်း​တွေက တွန့်​​ကွေး​နေကာ တစ်​စုံတစ်​ခု ကို​ပြောဖို့အရှိန်​ယူ​နေသည်​၊လက်​သီးနှစ်​ဖက်​ကျစ်​ကျစ်​ပါ​အောင်​ဆုပ်​ထားပြီးလက်​ဖျံ​ကြော​တွေက ​ထောင်​​နေသည်​၊ tae tae နှုတ်​ခမ်း​တွေက စကားလုံးတစ်​ခုကိုရွတ်​အံ့ဆဲဆဲ.....

Fany : မ​ပြောနဲ့​တော့...မ​ပြောပါနဲ့ ​တော့ ၊ရက်​စက်​တဲ့စကားတစ်​ခွန်းကို​ပြောထွက်​ဖို့ tae tae အဲ​လောက်​အရှိန်​မယူပါနဲ့၊ tae tae ရဲ့hyung ကို fany လက်​မခံပါဘူး၊ yul ကိုလည်း fany လက်​မထပ်​ပါဘူး၊ tae tae စိတ်​ချမ်းသာ​စေရမယ်​ သိလား၊ tae tae မ​​ပြော​ပေမဲ့ fany နားလည်​ပါတယ်​ ၊ tae ကို fany နားလည်​ပါတယ်​ tae ရယ်​😭😭..

တကယ်​ချစ်​တဲ့ ချစ်​သူ​တွေဟာ တစ်​​ယောက်​ရင်​ထဲကိုတစ်​​ယောက်​မြင်​ရတယ်​ tae ရဲ့၊tae ရင်​ထဲက စကားလုံး​တွေဟာ tae ရဲ့မျက်​နှာမှာ ​ပေါ်​နေတယ်​၊tae ရဲ့ မျက်​လုံး​တွေမှာ​ပေါ်​နေတယ်​၊ရပြီ၊ fany အဲဒီ​လောက်​နဲ့ပဲ့​ကျေနပ်​ပြီး fany tae tae ကိုအရမ်းချစ်​တာtae tae သိတယ်​​နော်​၊ tae tae လည်း fany ​ကျေနပ်​ရုံ တစ်​ခွန်း​လောက်​​ပြော​ပေးပါလား။

Fany pov : ကျွန်​မ ချစ်​သူဆီက ချစ်​တယ်​ ဆိုတဲ့စကားတစ်​ခွန်းကို​တော့ ကြားချင်​​သေးတယ်​​လေ၊ ကျွန်​မ ချစ်​သူ​လေး ဟာကျွန်​မကို ချစ်​တာ ကျွန်​မသိတာ​ပေါ့၊ ဘာလို့ ကျွန်​မ ဟာ ညီအကိုနှစ်​​ယောက်​ရဲ့ တကယ်​ချစ်​တာကို လက်​ခံရရှိတာလဲကွာ၊ ဒါကျွန်​မ ကံဆိုးမှုပဲ့​ပေါ့၊၊

tae ကလည်း ချစ်​သူရဲ့ နားလည်​သိတတ်​မှု​အတွက်​ ပိုပြီးဝမ်းနည်းနာကျင်​ရပါတယ်​၊ noona ကို ဆွဲကာသိုင်းဖက်​လိုက်​​တော့ noona က အလိုက်​သင့်​ပင်​ ရင်​ခွင်​ထဲထိုးဝင်​လာပြီး tae ရင်​ခွင်​မှာမျက်​နှာ အပ်​ကာ တိတ်​တဆိတ်​ ငိုရှိုတ်​လိုက်​သည်​၊၊

Tae : tae. noona ကို ထားရစ်​ခဲ့ဖို့ပဲ့ချစ်​ခဲ့ရတာပါ noona ရယ်​၊ ဒါ​ပေမဲ့ ထားခဲ့ရတာကလည်း ထားခဲ့ချင်​တဲ့ဆန္ဒထက်​ ရင်​နာနာနဲ့ ထားခဲ့ရတာပါ၊ hyung က tae ရင်​ဘတ်​ထဲကိုမမြင်​ဘူး noona ရယ်​၊ အဲဒီအတွက်​ hyung ရင်​နာ ​အောင်​ tae ကြိုးစားခဲ့ရင်​ noona ခွင့်​လွှတ်​ပါ​၊ tae ချစ်​သူကို tae မပိုင်​ဆိုင်​ရက်​သလို hyung ရင်​ခွင်​ထဲလည်း tae မထည့်​ချင်​ဘူး၊တကယ်​လို့သာ noona hyung ကို လက်​ခံလိုက်​မယ်​ဆိုရင်​ tae ​လေ noona တို့နဲ့​ဝေးရာကို ပဲ့အပြီးထွက်​သွားလိုက်​​တော့မယ်​၊၊

ရင်​စည်းရိုးနဲ့အချစ်​​လေပြည်​Where stories live. Discover now