Fany : မပို့နိုင်ပါဘူး
Tae : ဟာ .....noona ကလည်း ကျတော့် ကိုကားမမောင်းနှင့်လည်းပြောသေးတယ်၊ ပြန်လည်းမပို့ပေးဘူးဆိုတော့ ဘယ်လိုလုပ်ရမလဲ
Fany : ကဲ..တော်ပြီ ၊စကားမများနဲ့၊ သက်သာတယ် မို့လား၊ တို့ပြန်တော့မယ်၊ အချိန်မရှိတော့ဘူး
Tae : အင်း....ဆယ်နာရီတောင်ထိုးတော့မယ်၊ ပြန်ကြရအောင်၊ noonaကို ကျတော် ပို့ပေးပါ့မယ်၊ စိတ်မချလို့
Fany : မပို့နဲ့ ရတယ်
Tae : မရပါနဲ့ တကယ်စိတ်မချတာ
Fany : မင်းခေါင်းက အာလူးကိုလည်းပြန်စမ်းကြည့်ဦး ကားမမောင်းစေချင်လို့ပြောတာ
Tae : အဲဒါဆို ကျတော့် ကားကိုထားခဲ့ပီး noonaကားနှင့် လိုက်မယ်လေ၊ noonaမောင်းပေါ့၊ ပြီးရင် ကျတော့်ဘာသာ taxi နှင့်ပြန်မယ်
Fany : ဖြစ်ပါ့မလား၊taxi သမားက စိတ်မချရရင်ဘယ်လိုလုပ်မလဲ
Tae : ဖြစ်ပါတယ် noonaရဲ့ ၊ညဆယ်နာရီဆို ယောကျာင်္းလေးအတွက်စောပါသေးတယ်
Fany : အဲလိုပဲ့ လုပ်ကြတာပေါ့
Tae : ဝေး....ပျော်လိုက်တာ
Fany : ဘာလဲ ၊ဘာတွေကြံစည်ထားလို့လဲ
Tae : ကြံကြံဖန်ဖန်ဗျာ၊ စေတနာနှင့်လိုက်ပို့ချင်တာပါ၊ အဲ့ဒီ စေတနာကိုအသိအမှတ်ပြုလို့ပျော်တာ
Sica ကို နှုတ်ဆက်ပြီး ပြန်လာကြသည်၊ တစ်လမ်းလုံ taeyeon က ဘေးက ငြိမ်ငြိမ်လေး ပါလာကာ သူမမျက်နှာလေးကိုငေးနေသည်၊၊
အဲဒီ အမျိုးသမီး ကို သိပ် ချစ်နေမိသလို သူမဆီ ကတုံ့ပြန်မှုလေးလည်းရချင်မိသည်၊ ဒါပေမဲ့ သူမက သူ့ကို တုံ့ပြန်ခဲ့ရင် hyung က သနားစရာ ၊ hyung နှင့်သူမ သာ ချစ်သူတွေ ဆိုရင်လည်း သူက ဒီနှစ်ယောက်ကြားမှာ ဘယ်လိုနေရမလဲ၊၊
Tae : ခြံရှေ့ထိလိုက်ပို့မယ်လေ
Fany : ရတယ် ၊ကိုယ့်လမ်း ထဲရောက်ရင်ဘာမှမဖြစ်တော့ပါဘူး
YOU ARE READING
ရင်စည်းရိုးနဲ့အချစ်လေပြည်
FantasíaFany. pr. ကျမလေတစ်စုံတစ်ယောက်ကိုအချစ်တွေပေးခဲ့ဖူးတယ် တစ်စုံတစ်ယောက်စီကအချစ်တွေရခဲ့ဖူးတယ် ဒါပေမဲ့.. ........ အဲဒီတစ်စုံတစ်ယောက်ဟာကျမအတွက်တစ်ယောက်တည်းမဟုတ်ခဲ့တာကကျမရဲ့ကံကြမ္မာပဲ့ပေါ့နော်😔😔😔 ကျမကိုပေးဆပ်ရသောသူနဲ့ကျမက...